သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆုပ်ကင်ဆာ


အဆုပ်ကင်ဆာဟာ မြန်မာအမျိုးသားတွေမှာ အဖြစ်အများဆုံး ကင်ဆာအမျိုးအစားဖြစ်ပြီး၊ မြန်မာအမျိုးသမီးတွေမှာတော့ တတိယအဖြစ်အများဆုံး ကင်ဆာဖြစ်တယ်လို့ မြန်မာကင်ဆာအထူးကုတွေက ဆိုကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကင်ဆာတွေကြောင့် သေရတဲ့အထဲမှာ အများဆုံးဖြစ်တဲ့ ပြင်းထန်တဲ့အဆုပ်ကင်ဆာကနေ ကာကွယ်နိုင်ဖို့ အဓိက ကင်ဆာဖြစ်ရခြင်း အကြောင်းရင်းဖြစ်တဲ့ ဆေးလိပ်သောက်တာကို ရှောင်နိုင်ဖို့ နဲ့ ကိုယ်တိုင်ဆေးလိပ်မသောက်ရင်တောင်မှ ဆေးလိပ်သောက်တဲ့ သူနားမှာနေပြီး ဆေးလိပ်အငွေ့ မရှုရှိုက်မိဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။

တခြားကာကွယ်ဖို့ မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ နောက် နှစ်ခုကတော့ အိမ်အမိုးတွေမှာပါနေသေးတဲ့ Asbestos နဲ့ ရေတွင်းတွေမှာ အာဆင်းနစ်ဓာတ် အများအပြားပါတာတွေကို ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ကားမီးခိုးငွေ့တွေ အပါဝင် လေထုပတ်ဝန်းကျင် ညစ်နွမ်းမှု့ မများအောင် လုပ်ပေးခြင်းအားဖြင့်လည်း အဆုပ်ကင်ဆာကနေ ကာကွယ်ပေးနိုင်ပါတယ်။

အဆုပ်ကင်ဆာနဲ့ ပတ်သက်ပြီး နောက်ထပ်အရေးကြီးဆုံး သိသင့်တဲ့ နှစ်ခုက တကယ်လို့ ကင်ဆာဖြစ်လာခဲ့ရင်တောင်မှ ရောဂါရှိနေတာကို စောစောစီးစီးသိနိုင်ဖို့နဲ့၊ ရောဂါမကျွမ်းခင် စောစောစီးစီး ကုသပေးနိုင်ဖို့ ဖြစ်ပါတယ်။ ရောဂါဖြစ်တာကို စောစောစောစီးစီးသိနိုင်ဖို့ ကြိုတင်ဆေးစစ်တာတွေ ဘယ်လိုလုပ်သင့်ပြီး၊ ဘယ်လို ရောဂါလက္ခဏာတွေပြလာရင် ချက်ချင်းစစ်ဆေးဖို့လိုပါသလဲ။ ဒီအကြောင်းတွေကို မြန်မာနိုင်ငံထဲက ကင်ဆာအထူးကုနဲ့ အငြိမ်းစားပါမောက္ခ ဆရာဝန်ကြီး ဦးစိုးအောင်ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG