အိုင်ယာလန်နိုင်ငံ (Ireland) တ၀န်း အများသူငါနဲ့ ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်မသောက်ရ ဥပဒေ ထုတ်ခဲ့အပြီးမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကြောင့် အရေးပေါ်လူနာဌာနကို တင်ရသူတွေ နည်းကျသွားပါတယ်။ တခြားဘယ်လို အရေးပေါ်ရောဂါတွေလည်း ကျဆင်းခဲ့တာကို တွေ့ရှိခဲ့ပြီးပါပြီလဲ။
ဘာကြောင့် ဒီအရေးပေါ်ရောဂါတွေ အခုလို နည်းကျသွားရတာပါလဲ။ ဆေးလိပ်သောက်သူ နည်းသွားလို့ လား၊ ဆေးလိပ်မသောက်ဘဲ ဆေးလိပ်မီးခိုးငွေ့ဒဏ် ခံရတာ နည်းသွားလို့ပါလား။
အိမ်နီးချင်း တရုတ်နိုင်ငံမှာလည်း မကြာသေးခင်က ဒီလိုမျိုးဥပဒေ ပြဌာန်းခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။ ဘယ်လောက် သက်ရောက်မှု ရှိနိုင်ပါသလဲ။
နောက်တွေ့ရှိချက် အသစ်တခုမှာတော့ ဆေးလိပ်သောက်တာကြောင့် ဖြစ်ရတဲ့ရောဂါတွေထဲမှာ နှလုံး သွေးကြောနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေအပြင် အချိန်လွန်မှသိရပြီး သေစေနိုင်တဲ့ ကျောက်ကပ်ကင်ဆာလည်း ပါလာပြီလို့ ဆိုပါတယ်။
ဒီအကြောင်းတွေကို VOA သတင်းထောက် အာ့တ် ချိုင်းမ်းစ် (Art Chimes)၊ မယ်လင်ဒါ စမစ်သ် (Melinda Smith) နဲ့ စတက်ဖနီ ဟို (Stephanie Ho) တို့ သတင်းပို့ထားတာနဲ့ နှစ်ပေါင်း (၁၃) နှစ်ကြာ မြန်မာနိုင်ငံ ထဲမှာ ဆေးခန်းဖွင့်ခဲ့ပြီး လက်ရှိ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က Memorial Medical Center မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာဌေးသိန်းကို ဆက်သွယ်မေးမြန်းထားတာတွေကို စုစည်းပြီး ကိုဝင်းမင်းက ဒီတပတ် ကျန်းမာရေးအစီအစဉ်မှာ တင်ပြထားပါတယ်။