သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ ဆေးလိပ်မသောက်ရေးနေ့နဲ့ ဆေးလိပ်လျှော့ရေး


ကမ္ဘာ့ ဆေးလိပ်မသောက်ရေးနေ့နဲ့ ဆေးလိပ်လျှော့ရေး

ဒီတပတ် ကျန်းမာရေးကဏ္ဍမှာတော့ မနေ့က မေလ (၃၁) ရက်နေ့ ဟာ World No Tobacco Day ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့ ဖြစ်တာကြောင့် ဆေးလိပ်သောက်တာ လျှော့ချနိုင်ဖို့ အကြောင်း ဆွေးနွေးထားပါတယ်။

ဆေးလိပ်သောက်တာ လျှော့ချနိုင်ဖို့ ထိရောက်မှု အရှိဆုံးနည်းကတော့ ဆေးလိပ်အပေါ် အခွန်တိုး ကောက်တာ ဖြစ်တယ်လို့ WHO (World Health Organization) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ်။ တခြား ထိရောက်မှုရှိတဲ့နည်းတွေက ဘာတွေပါလဲ။ ဘယ်လိုနည်းတွေ အပေါ်မှာတော့ အငြင်းပွားမှုတွေ ရှိနေပါလဲ။

ဆေးလိပ်သောက်နေသူ တဦးချင်းအတွက်လည်း ဆေးလိပ်ဖြတ်ရာမှာ ပထမ ၂ ပတ်က အခက်ခဲဆုံးပါ။ စိတ်ခိုင်ခိုင်ထားပြီး ကြိုးစားနိုင်တဲ့နည်းတခုကတော့ ဆေးလိပ်သောက်ချင်တဲ့ အာရုံ လွဲထားနိုင်အောင် တခုခု စားတာ၊ ဝါးတာ (ဥပမာ - ပီကေ၊ သကြားလုံး)၊ နောက် တခုခုလုပ်တာ (ဥပမာ - လမ်းလျှောက် တာ၊ အားကစားလုပ်တာ၊ တရားထိုင်တာ) တွေပါ။ တခြား လက်တွေ့အသုံးဝင်မယ့် ဘယ်နည်းတွေကို သိထားဖို့လိုပြီး ဘာတွေကိုတော့ ကြိုရှောင်ဖို့လိုပါသလဲ။

ဒီအကြောင်းတွေကို VOA သတင်းထောက် လီဆာ ရှလိုင်းန် (Lisa Schlein) နဲ့ ကယ်ရိုလင်းန် ဝီဗာ (Carolyn Weaver) တို့ သတင်းပို့ထားတာနဲ့ နှစ်ပေါင်း (၃၀) ကျော်ကြာ မြန်မာနိုင်ငံထဲမှာ ဆေးခန်း ဖွင့်ခဲ့ပြီး လက်ရှိ အိုင်ယာလန်နိုင်ငံ က University College Cork တက္ကသိုလ်က ပြည်သူ့ကျန်းမာရေး ဌာနတခုမှာ သုတေသနလုပ်နေတဲ့ ဒေါက်တာမြင့်ဦးကို ဆက်သွယ်မေးမြန်းထားတာတွေကို စုစည်းပြီး ကိုဝင်းမင်းက တင်ပြထားပါတယ်။

XS
SM
MD
LG