သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လမစေ့ဘဲ ကလေးမွေးဖွားခြင်း ပြဿနာ


ကမ္ဘာပေါ်မှာ လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးပေါင်း တစ်သန်းကျော် နှစ်စဉ်သေဆုံးနေရပေမယ့် မှန်မှန်ကန်ကန် ပြုစုစောင့်ရှောက်ပေးနိုင်ရင်တော့ လက်ရှိသေဆုံးမှု့ရဲ့ ၇၅% ကိုတောင် လျှော့ချပေးနိုင်တယ်လို့ နိုင်ငံတကာလေ့လာမှု့သစ်တခုက ဆိုလိုက်ပါတယ်။

အခုလို မှန်မှန်ကန်ကန် ကုသပေးနိုင်မှု့ကို ဆေးရုံတွေမှာ အကောင်းဆုံးလုပ်ပေးနိုင်တာမို့ စောစော မွေးဖွားမယ့်အခြေအနေ သိသိချင်း အမြန်ဆုံး ဆေးရုံဆေးခန်းတွေကို သွားနိုင်ရင် အကောင်ဆုံး ဖြစ်ပါတယ်၊ မသွားနိုင်တဲ့ အခြေအနေ လုံးဝဖြစ်နေရင်တော့ အကောင်းဆုံး ကူညီပေးနိုင်တာတွေ ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။ ဘယ်လို ကူညီမှု့တွေ လုပ်ပေးနိုင်ပါသလဲ။

ဒီအပြင် ကလေးစောစောမွေးဖွားဖို့ မဖြစ်လာခင်မှာလည်း ဖြစ်လာဖို့ အန္တရာယ်များစေနိုင်တဲ့ အချက်တွေကို ကြိုတင်သိရှိထားပြီး၊ ကြိုတင်ဂရုစိုက် ကာကွယ်စောင့်ရှောက်ပေးနိုင်ရင်လည်း ဒီအန္တရာယ်ကို လျှော့ချပေးနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပေးပြောဆိုထားပါတယ်။ အခုလို ကာကွယ်ရေးအတွက် ဘာတွေရှောင်ဖို့၊ဆောင်ဖို့ လိုပါသလဲ။

ဒီအကြောင်း VOA သတင်းထောက် Carol Pearson သတင်းပေးပို့ထားတာနဲ့၊ ကလေးအထူးကု ဆရာဝန်များဖြစ်ကြတဲ့ ဒေါက်တာချမ်းအောင်နဲ့ ဒေါက်တာမျိုးမြတ်လွင် တို့ကို ဆက်သွယ်မေးထားပြီး ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။

XS
SM
MD
LG