သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရုံစိုက်နည်းမှု နဲ့ ဂနာမငြိမ်ဖြစ်တဲ့ ရောဂါ


အာရုံစိုက်နည်းမှု နဲ့ ဂနာမငြိမ်ဖြစ်တဲ့ ရောဂါ
အာရုံစိုက်နည်းမှု နဲ့ ဂနာမငြိမ်ဖြစ်တဲ့ ရောဂါ

Attention Deficit-hyperactivity Disorder (ADHD) လို့ခေါ်တဲ့ အာရုံစိုက်နည်းမှုနဲ့ ဂနာမငြိမ်ရောဂါ ဖြစ်ပြီဆိုရင် အလုပ်အပေါ်မှာ အာရုံစိုက်မှု အားနည်းလာပြီး အလုပ်ကို ပြီးအောင်လုပ်ဖို့လည်း အခက်အခဲ ဖြစ်ကြပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် ကလေးငယ် နဲ့ ဆယ်ကျော်သက်ရွယ်ပေါင်း (၅) သန်းကျော်မှာ ဒီရောဂါရှိတယ်လို့ ဆရာဝန်တွေက ဆုံးဖြတ်ထားကြပါတယ်။ မြန်မာနိုင်ငံမှာလည်း အတိအကျမသိရပေမဲ့ တစုံတရာ ဖြစ်နေတာ ရှိပါတယ်။ တချို့လည်း သူတို့ကို မျောက်လို ဆိုးတယ်၊ မျောက်လောင်းလေးတွေလို့ ပြောကြပါတယ်။ ကလေးသဘာဝ အများနည်းတူ ဆော့ကစားကြတာ ပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ တခြားခလေးတွေထက် ထူးပြီး ဂနာမငြိမ် တခုပြီးတခု ဆက်တိုက်လုပ်နေရင်၊ တခြားခလေးတွေလို မဟုတ်ဘဲ၊ ကျောင်းစာတွေ မပြီးနိုင်ရင်တော့ စတင်စိုးရိမ်ဖို့ လိုပါတယ်။

ဒီလို ခလေးငယ်များနဲ့ ဆယ်ကျော်သက် အများစုမှာ ဖြစ်မှုများနေတဲ့ အာရုံစိုက်မှု နဲ့ ဂနာမငြိမ်ဖြစ်တဲ့ (ADHD) ရောဂါအကြောင်း နဲ့ သူတို့ကို ကူညီစောင့်ရှောက်ပေးဖို့ မိဘတွေက ဘာတွေသိထားဖို့ လိုပါသလဲဆိုတာတွေကို သိရှိနိုင်ဖို့ VOA ဗွီအိုအေသတင်းထောက် Faiza Elmasry ပေးပို့ထားတဲ့ သတင်းဆောင်းပါးနဲ့ မြန်မာဆရာဝန် ဒေါက်တာမြင့်ဦး တို့ကို မေးမြန်းထားတာတွေကို စုစည်းပြီး ကိုဝင်းမင်းက တင်ပြထားပါတယ်။

XS
SM
MD
LG