သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူငယ်ပြန်မှု့ နဲ့ နှလုံးခုန် မမှန်မှု့


သူငယ်ပြန်မှု့ နဲ့ နှလုံးခုန် မမှန်မှု့
သူငယ်ပြန်မှု့ နဲ့ နှလုံးခုန် မမှန်မှု့

အသက်ကြီးလာရင် ပုံမှန်အားဖြင့် နဲနဲမေ့တတ်လာကြပါတယ်။ ဒါပေမဲ့ Dementia ခေါ် သူငယ်ပြန်ရောဂါ ဖြစ်ရင်တော့ အတော်များများကို မေ့ကုန်ပြီး၊ မစဉ်းစားနိုင်တာ နဲ့ မခံစားနိုင်တာတွေဖြစ်ပြီး၊ နောက်ဆုံးမှာ အားလုံးကို မေ့ကုန်ပြီး နေ့စဉ်လုပ်နေကြ စားသောက်တာ၊ ရေချိုးအဝတ်လဲတာတွေတောင် မလုပ်တတ်တော့ဘဲ ကလေးငယ်တယောက်ကို လုပ်ပေးရသလို ဖြစ်သွားပါတယ်။

သူငယ်ပြန်မှု့ ဟာ Atrial Fibrillation (AF) ခေါ် နှလုံးခုန်မမှန်တဲ့ ရောဂါရှိသူတွေမှာ နှစ်ဆကျော်ပို ဖြစ်နိုင်တယ်လို့ ဗြိတိန်နိုင်ငံ East Anglia တက္ကသိုလ် Norwich ဆေးကျောင်းက သုတေသီတွေက ရှာဖွေတွေ့ရှိလိုက်ပါတယ်။ ဒီအကြောင်းကို အမေရိကန်နိုင်ငံ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာအဖွဲ့ရဲ့ ဂျာနယ်မှာ ဖော်ပြခဲ့ပြီး၊ ကမ္ဘာ့ သတင်းမီဒီယာတွေထဲမှာလည်း တွေ့ခဲ့ရပါတယ်။

ဒီအကြောင်းအသေးစိတ်ကို သိရှိနိုင်ဖို့ ကိုဝင်းမင်း က ဒီ လေ့လာမှု့ကို ဦးဆောင်လုပ်ခဲ့တဲ့ ဗြိတိန်နိုင်ငံ ဆေးတက္ကသိုလ်မှ အကြီးတန်းပါမောက္ခ နဲ့ အသက်ကြီးသူများဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာဖြိုးကျော်မြင့် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG