ဒီလ သြဂုတ်လဆန်း (၁) ရက်မှ (၇) ရက် အပတ်ကို နိုင်ငံတကာ မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်လို့ သတ်မှတ်ထားပါတယ်။
မိခင်နို့ဟာ မွေးခါစ ကလေးရဲ့  ပထမ တစ်နှစ်လုံးအတွက် လိုအပ်တဲ့ အာဟာရ အားလုံးကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါ့အပြင် ကလေးအတွက် ရောဂါပိုးများ မဝင်စေဘဲ၊ ကျန်းမာရေးကောင်းအောင်လဲ လုပ်ပေးနိုင်ပါတယ်။ မိခင်တွေအတွက်လည်း ကလေးမွေးပြီးပြီချင်း မြန်မြန်ပြန် နလံထူလာဖို့နဲ့ အခြားရောဂါ၊ ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသေးတယ်။
ဒီလို အကျိုးကျေးဇူးတွေကြောင့် မိခင်နို့တိုက်သူများလာပေမယ့်လည်း နို့မတိုက်တဲ့မိခင်တွေ အများအပြား ရှိနေသေးတာမို့ ဆေးရုံနဲ့ ပတ်ဝန်းကျင်က ဝိုင်းကူဖေးမ လမ်းပြပေးဖို့လိုပါတယ်။
ဒီအကြောင်းကို ဗွီအိုအေ သတင်းထောက် ဖိုင်ဇာ အဲလ်မာစရီ (Faiza Elmasry) သတင်းပို့ထားတာကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။