ကျန်းမာရေးအတွက် မကောင်းတဲ့ Low-density Lipoprotein (LDL) လို့ခေါ်တဲ့ Cholesterol အဆီဓာတ်တမျိုး ခန္ဓာကိုယ်ထဲမှာ များလာတာကြောင့် နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါနဲ့ လေဖြတ်တာတွေဖြစ်ပြီး ကမ္ဘာပေါ်မှာ လူပေါင်း သန်းနဲ့ချီ သေဆုံး နေကြရပါတယ်။
ဒါပေမဲ့ အခုတော့ ကနေဒါနိုင်ငံမှာလုပ်တဲ့ လေ့လာတွေ့ရှိချက်အသစ်တခုထဲမှာ ပန်းသီး၊ စပျစ်သီး၊ စတော်ဘယ်ရီသီး လို သစ်သီးတွေ၊ ပြီးတော့ အပြင်ပိုင်းက အမျှင်တွေပါသွားအောင် အရမ်းကျိတ်မထားတဲ့ ဆန်ညိုနဲ့ ဂျုံညိုလို ကောက်ပဲသီးနှံတွေ၊ နောက် ရုံးပတေသီးနဲ့ ခရမ်းသီး အပါအဝင် အခြား ဟင်းသီး ဟင်းရွက်တွေနဲ့၊ မြေပဲနဲ့ အခြားပဲအမျိုးမျိုးတွေ၊ ပြီးတော့ သံလွင်ဆီ (သို့) Canola ဆီတွေအနေနဲ့ ဒီမကောင်းတဲ့အဆီတွေကို ကြီးကြီမားမား လျော့ချနိုင်ပြီး၊ နှလုံးရောဂါအန္တရာယ်တွေကနေလည်း ကာကွယ်နိုင်တယ်လို့ တွေ့ရှိလိုက်ကြပါပြီ။ ဘယ်လို လေ့လာတွေ့ရှိ လိုက်တာပါလဲ။
မြန်မာနိုင်ငံမှာရော ဒီမကောင်းတဲ့ LDL Cholesterol အဆီဓာတ် လျှော့ချနိုင်အောင် ဘယ်လို အစားအစာတွေ ပိုစားသင့်ပြီး၊ ဘယ်လို အစားအစာတွေကိုတော့ ခဏခဏ အများကြီး မစားသင့်သလဲ။
ဒီအကြောင်းကို VOA သတင်းထောက် Carol Pearson သတင်းပို့ထားတာ နဲ့ အမေရိကန်နိုင်ငံက နှလုံးအထူးကုဆရာဝန် ဒေါက်တာအောင်မြိုင် ကို ဆက်သွယ် မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။