သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွေးစကလေး နဲ့ မီးတွင်းမိခင်သေဆုံးမှု့


မွေးစကလေး နဲ့ မီးတွင်းမိခင်သေဆုံးမှု့
မွေးစကလေး နဲ့ မီးတွင်းမိခင်သေဆုံးမှု့

ကမ္ဘာပေါ်မှာ မွေးကင်းစကလေး ပေါင်း ၃.၃ သန်း နှစ်စဉ် သေဆုံးနေပြီး မီးတွင်းမိခင်တွေ သေဆုံးမှုကတော့ တစ်မိနှစ်တိုင်းမှာ တဦးနှုန်း ကြီးကြီးမားမား ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ NGO (ခေါ်) အစိုးရ မဟုတ်တဲ့အဖွဲ့တခုဖြစ်တဲ့ Save the Children တို့က ဆိုပါတယ်။

ဒီ ကာကွယ်လို့ရတဲ့ သေဆုံးမှု့တွေကနေ လျော့ချနိုင်ရေးအတွက် ဒီအဖွဲ့ကြီး နှစ်ခု ပူးပေါင်းပြီး လေ့လာစမ်းသပ်မှု ပြိုင်ပွဲကြီးတခုကို လုပ်ရာကနေ အခုလို သန်းနဲ့ချီသေဆုံးနေရမှုတွေကို ကာကွယ်နိုင်ဖို့ နည်းလမ်းတွေ ရလာပါတယ်။

တကယ်တော့ မွေးကင်းစကလေးတွေ အဓိကသေရတာက ရောဂါပိုးဝင်တာ၊ အရမ်းစောမွေးတာ၊ မိခင်ကိုယ်ဝန် နောက်ဆက်တွဲ ပြဿနာတွေ တက်တာနဲ့ အာဟာရနည်းလို့ ဖြစ်ရတာပါ။ မီးတွင်းမိခင်တွေ အဓိက သေရတာကတော့ သွေးသွန်တာ၊ မလုံခြုံတဲ့ ကိုယ်ဝန်ဖျက်ချတာနဲ့ ကိုယ်ဝန် နောက်ဆက်တွဲ ပြဿနာတွေကြောင့်ပါ။

ဒါကြောင့် ဒါတွေကနေ ကာကွယ်နိုင်ဖို့ ကလေးကို ညစ်ပတ်နေတဲ့ နေရာမှာ မမွေးတာ၊ မွေးလာတဲ့ကလေးကို ခြောက်သွားအောင် လုပ်ပေးတာ၊ ကလေးကို နွေးနွေးထွေးထွေး ထားပေးတာ၊ မွေးပြီးတာနဲ့ ချက်ချင်းကလေးကို နို့တိုက်ပေးတာ၊ ချက်ကြိုးကို သန့်အောင်ခြောက်အောင်ထားပြီး ဆနွမ်းနဲ့ ဘာအမှုန့်တွေမှ မထဲ့ပေးတာနဲ့၊ သားဖွားဆရာမနဲ့ မွေးပြီး လိုအပ်တဲ့ ကရိယာပစ္စည်းနဲ့ ဆေးဝါးတွေ ရှိနေတာ၊ ပိုးဝင်လာရင်လဲ ပဋိဇီဝဆေး (Antibiotics) တိုက်ပေးတာတွေကြောင့် ကျေးလက်ဒေသတွေမှာ မွေးကင်းစကလေး နဲ့ မီးတွင်းမိခင် သေနှုန်း ကြီးကြီးမားမား လျော့ကျသွားစေခဲ့တာ တွေ့ရှိခဲ့ရပါတယ်။ ဘယ်လောက်တောင် လျော့ကျသွားပါသလဲ။

ဒီ အကြောင်းတွေကို VOA သတင်းထောက် Vidushi Sinha သတင်းပို့ထားတာ နဲ့ အသေးစိတ်သိရဖို့ ဗြိတိန်နိုင်ငံက ကလေးအထူးကု ဆရာဝန် ဒေါက်တာမျိုးမြတ်လွင်နဲ့ မြန်မာနိုင်ငံထဲမှာ ဆေးခန်းဖွင့်ပြီး အတွေ့အကြုံများစွာရှိတဲ့ ဒေါက်တာမြင့်ဦး တို့ကို မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။

XS
SM
MD
LG