သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ဆာရောဂါ ကာကွယ်ရေး


ကင်ဆာရောဂါ ကာကွယ်ရေး

ဆေးလိပ်သောက်တာကြောင့် ကင်ဆာဖြစ်စေတာကိုတော့ အများက လက်ခံထားကြတာကြာပါပြီ။ အခုတော့ ဆရာဝန်များစွာက ဖြစ်သလိုနေ၊ အလွန်အကျွံ စားသောက်နေထိုင်တာ နဲ့ အားကစားမလုပ်တာ၊ အဝလွန်တာနဲ့ စိတ်ဖိစီးမှု့ဒဏ်တွေကြောင့်လဲ ကင်ဆာဖြစ်စေနိုင်ဖို့ အန္တရာယ်ကြီးမားစေတာကို သတိပေးလာကြပါတယ်။

ဘယ်လို စားသောက်နေထိုင်တာမျိုးကို ဆင်ခြင်လုပ်ကိုင်ဖို့လိုပါလဲ။ ဆနွင်းနဲ့လုပ်တဲ့ ဆနွင်းဒက်လို သဘာဝထွက် ဟင်းခတ်အမွှေးအကြိုင်နဲ့ လတ်ဆတ်ပြီး ဓာတုဓာတ်ပစ္စည်းတွေ မပါတဲ့ အစားအစာတွေ စားခြင်းဖြင့် ကင်ဆာရောဂါရရှိဖို့ကနေ ကာကွယ်ပေးနိုင်တယ်လို့ သုတေသီတွေက ရှာဖွေတွေ့ရှိထားကြပါတယ်။

မြန်မာနိုင်ငံမှာရော အစားအစာတချို့ မှာ ဓာတုဓာတ်ပစ္စည်းတွေ ထည့်ထားတာ ရှိပါသလား။

ဒီအကြောင်းဆိုင်ရာတွေကို VOA သတင်းထောက် Greg Flakus နဲ့ Art Chimes တို့ သတင်းပို့ထားတာ နဲ့ မြန်မာနိုင်ငံထဲမှာ ကင်ဆာကာကွယ်ရေး ပညာပေးဆောင်းပါးတွေရေးနေတဲ့ ဒေါက်တာမြင့်ဦး ကို မေးမြန်းပြီး ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။

XS
SM
MD
LG