သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ကိုင်ဖုန်းနဲ့ ကျန်းမာရေးအန္တရာယ်


လက်ကိုင်ဖုန်းနဲ့ ကျန်းမာရေးအန္တရာယ်
လက်ကိုင်ဖုန်းနဲ့ ကျန်းမာရေးအန္တရာယ်

ကမ္ဘာပေါ်မှာ လူသန်းပေါင်းထောင်နဲ့ချီပြီး လက်ကိုင်ဖုန်းတွေ သုံးနေကြပါတယ်။ မြန်မာနိုင်ငံမှာလည်း အသုံးပြုတာ အများကြီး တွင်ကျယ်လာနေပါပြီ။

WHO - ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မကြာသေးခင် လပိုင်းတွေက ဒီလက်ကိုင်ဖုန်းရဲ့ လျှပ်စစ်သံလိုက်စက်ကွင်းတွေဟာ ဦးနှောက်ကင်ဆာဖြစ်စေနိုင်တဲ့ အလားအလာရှိတယ်လို့ စပြီးသတိပေးလာပါတယ်။ တခြား ဘာတွေ ထပ်ဖြစ်စေနိုင်ပါသလဲ။

တန်ဆေးလွန်ဘေးဆိုသလိုပဲ သာမန် လက်ကိုင်ဖုန်းသုံးရင်တော့ နေ့တဓူဝ ကိစ္စရပ်တွေကို အထောက်အကူပြုပေမဲ့ နာရီပေါင်း တော်တော်ကြာကြာ အသုံးလွန်သွားရင်တော့ ရေရှည်မှာ ဦးနှောက်ကို ထိခိုက်နိုင်ပါတယ်။ ဦးနှောက်နုနယ်သေးတဲ့ ကလေးနဲ့ ဆယ်ကျော်သက်တွေအတွက်ဆို ပိုသတိထားပေးဖို့ လိုပါတယ်။ ဘယ်လို လက်ကိုဖုန်းသုံးရင် အန္တရယ်နည်းစေနိုင်ပါသလဲ။

ဒီအကြောင်းတွေကို VOA သတင်းထောက် Zulima Palacio သတင်းပို့ထားတာ နဲ့ မြန်မာနိုင်ငံထဲက ဦးနှောက်နဲ့ အာရုံကြော အထူးခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဆိုင်မွန်သာ (Simon Thar) တို့ကို မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။

XS
SM
MD
LG