World Health Organization (WHO) - ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာပေါ်မှာ လူဦးရေ ၃၄၆ သန်း ဆီးချိုရောဂါဖြစ်နေတယ်လို့ ခန့်မှန်းထားပြီ။ သက္ကရာဇ် ၂၀၃၀ ခုနှစ် ရောက်ရင်တော့ ဒီရောဂါကြောင့် သေရမယ့်လူတွေ နှစ်ဆတိုးလာမယ်လို့ ဟောကိန်းထုတ်ထားပါတယ်။
ဒါကြောင့် လူတွေစားသောက်နေထုင်ပုံနဲ့ အဓိက ပတ်သက်နေတဲ့ ဒီရောဂါကို မကာကွယ်နိုင်ရင်တော့ ကမ္ဘာအနံှ ပြန့်ပွားပြီး ဖြစ်နှုန်း အရမ်းများလာမှာကို ကျန်းမာရေး ပညာရှင်တွေက သတိပေးနေကြပါတယ်။
တချိန်ထဲမှာ မြန်မာနိုင်ငံအပါအဝင်၊ အာရှနိုင်ငံများမှာ အဓိက ချက်စားနေတဲ့ ဆန်ဖြူကြောင့်လည်း ဆီးချိုဖြစ်ဖို့ များစေတယ်လို့ အသစ်တွေ့ရှိထားပါတယ်။ ဘာကြောင့်ပါလဲ။
ဒီထမင်းဖြူ စားတာကြောင့် ဒီလို ရောဂါမဖြစ်ရအောင် ထမင်းဖြူလို ကဆီဓာတ်ရှိတဲ့ အစားအစာကို လျော့စားပြီး၊ ဟင်းသီးဟင်းရွက်တွေကို ပိုစားသင့်ပါတယ်။ တခြား အသား၊ ငါးတွေရော ဘယ်လိုမျှတအောင် စားသင့်ပါသလဲ။
ထိုင်ပြီး အလုပ်လုပ်ရသူတွေ၊ ကိုယ်လက်လှုပ်ရှားမှု နည်းသူတွေလည်း လေ့ကျင်ခန်း လုပ်ပေးဖို့ လိုပါတယ်။ တကြိမ်မှာ ဘယ်လောက်ကြာကြာ၊ တပတ်မှာ ဘယ်နှစ်ရက်လောက် လေ့ကျင့်ခန်း လုပ်ဖ့ိုလိုပါသလဲ။
ပိုမို ထိရောက်ချင်ရင်တော့ ဝ နေသူတွေအနေနဲ့လည်း ကိုယ်အလေးချိန် ပြန်လျော့သင့်ပါတယ်။ ဘာကြောင့်ပါလဲ။
ဆီးချိုုဖြစ်ဖို့ နီးစပ်လာနေသူတွေအတွက်ရော ဘယ်လို ကာကွယ်ရေးတွေ ပိုလုပ်သင့်ပြီး၊ ဆီးချိုရှိထားပြီးသူတွေအတွက်ဆိုရင်လည်း ပုံမှန်လို နေထိုင်နိုင်အောင် နေထိုင်စားသောက်ပံ ုပြောင်းတာအပြင် နောက်ဆက်တွဲရောဂါတွေ မဖြစ်ရအောင် ဘာတွေထပ်လုပ်ပေးဖို့ အရေးကြီးပါသလဲ။
ဒီအကြောင်းတွေကို VOA သတင်းထောက် Zulima Palacio နဲ့ Smitha Taghunathan တို့ သတင်းပို့ထားတာ နဲ့ အမေရိကန်နိုင်ငံ အိုဟိုင်ရိုး ပြည်နယ်တက္ကသိုလ် (Ohio State University) က လက်ထောက်ပါမောက္ခနဲ့ ဆီးချိုအထူးကု ဒေါက်တာကျော်ကျော်စိုး ကို မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။