အမျိုးသမီးတွေမှာအဖြစ်များပြီး အလွန်နာကျင်ပြီး ဒီ ရောဂါကိုဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတချို့ မှာ ပဋိဇီဝဆေးနဲ့ မတိုးတော့တာ တွေ့လာရချိန်မှာ၊ ဒီ အသစ်စမ်းသပ်တွေ့ရှိလိုက်တဲ့ ဆေးအနေနဲ့ ဒီ ရောဂါပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အလားအလာရှိနေပါတယ်။
အခု တွေ့ရှိထားတဲ့ဆေးကို နောက်ထပ် ဘယ်လိုစမ်းသပ်မှု့တွေ လုပ်ဖို့လိုပါသေးသလဲ။ ဒီ ရောဂါအတွက် ကာကွယ်ရေးလုပ်နိုင်တဲ့ကြားက ရောဂါဖြစ်လာရင် ဘယ်လို လက္ခဏာတွေပြပြီး၊ ဘာတွေလုပ်သင့် သိထားသင့်ပါသလဲ။
ဒီရောဂါဆိုင်ရာအကြောင်းတွေကို VOA သတင်းထောက် Art Chimes သတင်းပေးပို့ထားတာနဲ့ မြန်မာနိုင်ငံထဲမှာ ဒီ ရောဂါအကြောင်း အတွေ့အကြုံအများကြီးရှိခဲ့တဲ့ ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။