သုံးရလွယ်ကူစေသည့် Link များ

ဒီဇင်ဘာ (၁) ရက်မှာ ကျရောက်မယ့် ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့ရဲ့ ဆောင်ပုဒ်ကတော့ Getting to Zero လုံးဝ ပပျောက်ရေး ဖြစ်ပါတယ်။ ရောဂါကူးစက်ခံရသူ လုံးဝ ပပျောက်ရေး ၊ ရောဂါကြောင့် သေဆုံးရသူ လုံးဝ ပပျောက်ရေး နဲ့ ရောဂါရှိနေသူတွေကို ခွဲခြားဆက်ဆံတာလဲ လုံးဝ ပပျောက်သွားရေးတွေ ပါပါတယ်။

အခုလို UNAIDS ကမ္ဘာ့ကုလသမဂ္ဂ AIDS တိုက်ဖျက်ရေးအဖွဲ့က ရည်မှန်းချက် ကြီးကြီးမားမား ချလာရတာက တကမ္ဘာလုံးမှာ ဒီရောဂါဖြစ်နှုန်းနဲ့ သေနှုန်း ဒီနှစ်အတွင်း ကြီးကြီးမားမား လျော့ကျရလောက်အောင် အောင်မြင်မှု့တွေ ရရှိခဲ့လို့ပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း ငွေကြေးကူညီမှု့တွေ များများစားစား လျော့ကျလာတာကိုလည်း ရင်ဆိုင်ခဲ့ရတာမို့ ရှေ့နှစ်မှာလဲ ထပ်လျော့ကျလာမယ့် စိန်ခေါ်ချက်တွေ ကြီးကြီးမားမားကို ရှိနေပါတယ်။

ဘယ်လိုလုပ်ငန်းတွေ ထိရောက်ခဲ့လို့ ကမ္ဘာပေါ်မှာ ဒီရောဂါဖြစ်နှုန်းနဲ့ သေနှုန်း ဒီနှစ်ထဲမှာ အခုလို ကြီးကြီးမားမား လျော့ကျရခဲ့တာပါလဲ။

မြန်မာနိုင်ငံမှာရော ဒီရောဂါတိုက်ဖျက်ရေးမှာ ဘယ်လို အတားအဆီးတွေ ရှိနေပြီး၊ ဖြစ်လာနိုင်တဲ့ ငွေကြေး စိန်ခေါ်ချက်တွေကိုရော ရှေ့ မှာ ဘယ်လို ရင်ဆိုင်သွားသင့်ပါသလဲ။

ဒီအကြောင်းတွေကို VOA သတင်းထောက် Vidushi Sinha သတင်းပို့ထားတာနဲ့ နိုင်ငံတကာမှာ AIDS ကျွမ်းကျင်သူ ပညာရှင် မြန်မာဆရာဝန် မြတ်ထူးရာဇတ် နဲ့ မြန်မာနိုင်ငံထဲမှာ AIDS တိုက်ဖျက်ရေး ပညာပေးလုပ်ငန်းတွေကို နှစ်ပေါင်းများစွာ လုပ်လာခဲ့သူ စာရေးဆရာမ ဒေါက်တာ မြနှောင်းညို တို့ကို မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။



XS
SM
MD
LG