ဆေးရုံဆေးခန်းတွေ တော်တော်များများမှာ TB (Tuberculosis) စစ်ဆေးကုသမှု့တွေ အခမဲ့လုပ်ပေးနေတာမို့ TB ရှိသူတွေ အရောက်သွားကြဖို့ ပြီးခဲ့တဲ့အပတ်တုံးက အကြံပေးခဲ့ပါတယ်။ ဒီအပတ်မှာတော့ အကြောင်းကြောင်းကြောင့် လူနာတွေဖက်က မလာနိုင်ရင် TB ရှိသူတွေကို ဖော်ထုတ်နိုင်ဖို့ သူတို့ဆီရောက်အောင် အစိုးရ ကျန်းမာရေးဝန်ကြီးဌါန နဲ့ ရံပုံငွေရှိတဲ့ NGO တွေအနေနဲ့ Volunteer (စေတနာ့ဝန်ထမ်း) တွေ ပိုမို မွေးထုတ်ဖို့၊ ပုဂ္ဂလိက ဆေးခန်းဆရာဝန်တွေနဲ့ ပိုမိုတွဲလုပ်ဖို့ လိုအပ်ကြောင်း ပြောမှာပါ။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းရှင်တွေဖက်ကလဲ သူတို့ရဲ့  အလုပ်သမားတွေမှာ TB ရှိနေရင် ကူညီပို့ဆောင်ပေးနိုင်ရင် ပိုကောင်းလာမှာပါ။
TB ကာကွယ်ကုသရေးမှာ TB ရှိသူတွေကို ဖော်ထုတ်နိုင်ဖို့ အဓိကဖြစ်နေတဲ့ အခက်အခဲပြီးတဲ့အခါမှာ နောက်အဓိက ပြဿနာဖြစ်တဲ့ TB ဆေးယဉ်ပါးမှု့ကို ဖြေရှင်းပေးနိုင်ဖို့ TB ရှိသူတွေဖက်ကလည်း ဆေးမှန်မှန်ကုန်အောင်သောက်ဖို့ အရေးကြီးပါတယ်။ ဒါတွေကို ကိုဝင်းမင်းက TB ကာကွယ်တိုက်ဖျက်ရေး မြန်မာနိုင်ငံထဲမှာ လက်တွေ့လုပ်နေတဲ့ ကျွမ်းကျင်သူ ပညာရှင် ဒေါက်တာအေးယုစိုး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
TB ရှိသူများထံရောက်ရေး နှင့် ဆေးယဉ်ပါးမှု့ ပြဿနာ
- ဝင်းမင်း
