သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေး နဲ့ ကျောက်ကပ်ရောင်ရောဂါ


မြန်မာနိုင်ငံက ကလေးသူငယ်တွေမှာ အဖြစ်များပြီး၊ အချိန်မီ စနစ်တကျ ကာကွယ်မကုသရင် အသက်အန္တရာယ်ဘေးရှိတယ့် ကျောက်ကပ်ရောဂါ လက္ခဏာတွေကို သတိပြုမိနိုင်ဖို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထားကြပါတယ်။
ကလေးငယ်တွေမှာ ရုတ်တရက် ဆီးနည်းလာတာ၊ ဆီးအရောင်ရင့်လာတာ၊ ဖောရောင်လာတာ၊ ခေါင်းကိုက်တာ၊ အသက်ရှုကြပ် မောလာတာတွေ ဖြစ်လာခဲ့ရင် အမြန်ဆုံး ဆေးရုံဆေးခန်း ပြဖို့အရေးကြီးပါတယ်။
ဒီရောဂါမှာ ဘယ်လို နောက်ဆက်တွဲကြောင့် သေဆုံးမှုအထိ ဖြစ်စေနိုင်တာလဲ။ ကုသကာကွယ်ရေးအတွက် ကလေးတွေရဲ့ ခြေတွေလက်တွေမှာ အနာတွေဖြစ်၊ ရောင်ရမ်းလာရင် ပျောက်အောင် ကုသပေးသင့်ပါတယ်။ ဘာကြောင့်ပါလဲ။
ဒီရောဂါပြဿနာအကြောင်း ပိုမိုသိရှိနိုင်ဖို့ ရန်ကုန် ဆေးတက္ကသိုလ် (၁) ရဲ့ ကလေးကျန်းမာရေး ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG