သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ စိတ်ရောဂါဝေဒနာအမျိုးမျိုး ဖြစ်ကြပြီး၊ ဒီအထဲမှာ အရက်၊မူးယစ်ဆေးကြောင့်ဖြစ်တဲ့ စိတ်ရောဂါ က အများဆုံးဖြစ်နေတယ်လို့ စိတ်ရောဂါပညာရှင်များက ပြောဆိုကြပါတယ်။

အရက်၊ မူးယစ်ဆေး အလွန်အကျွံ သုံးစွဲမှုကြောင့် ဦးနှောက်အာရုံကြောများ ထိခိုက်ပြီးဖြစ်ရတဲ့ ဒီရောဂါကြောင့် မိသားစု၊လူမှုဆက်ဆံရေး၊ စီးပွားရေးတွေ ထိခိုက်ပြီး၊ နောက်ဆုံး အသက်အန္တရာယ်ပါ ထိခိုက်ပျက်စီးနိုင်ပါတယ်။ အရက်နဲ့ ဆေးစွဲပြီးဆိုရင် အလွယ်တကူ ဖြတ်ဖို့ခက်ပြီး၊ မှတ်ဥာဏ် စတင်ကျဆင်းလာရင် စိတ်ပိုင်ဆိုင်ရာရောဂါ ဖြစ်လာတာကို ကြိုတင်သိနိုင်ပါတယ်။

ကုသဖို့အတွက် နိုင်ငံတဝှမ်း မြို့ကြီးတချို.က အထွေထွေရောဂါကု ဆေးရုံတွေရှိ စိတ်ရောဂါဌာနတွေမှာ ပြသကုသနိုင်ပါတယ်။ ကာကွယ်ဖို့အတွက်ရော တခြား ဘာတွေလုပ်နိုင်ပါလဲ။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) စိတ်ကျန်းမာရေးပညာဌာန အငြိမ်းစားပါမောက္ခ၊ ဌာနမှုး နဲ့ ဦးနှောက်၊ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါ အထူးကု ဒေါက်တာစပ်စိုင်းလုံ, ကို ကိုဝင်းမင်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
XS
SM
MD
LG