သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ဝန်ဆောင်စဉ် အန္တရာယ်လက္ခဏာများ


ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ကိုယ်ဝန်သည်မိခင် နဲ့ ကလေးသေဆုံးမှု မြန်မာနိုင်ငံမှာ များပြားတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောဆိုကြပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အခုလို သေဆုံးမှုများရခြင်းကတော့ ကိုယ်ဝန်ဆိပ်တက်တာနဲ့ ကလေးဖျက်ချတာကြောင့် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်လာချိန် မိခင်အသက်အန္တရာယ်ရှိတဲ့ လက္ခဏာတွေက သွေးတိုးတာ၊ ဇက်ထိုးခေါင်းကိုက်ဖြစ်တာ၊ မျကိစိအမြင်ဝေဝါးပြီး နှစ်ထပ်မြင်လာတာ၊ မျက်လုံးထဲမှာ လင်းကနဲ၊လက်ကနဲ ဖြစ်သွားတာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် တခါတရံမှာ ရင်ညွန့်အောင့်တာ၊ သွေးတိုးလွန်းပြီး ကလေးအချင်းကွာကျကာ သွေးဆင်းလာတာတွေကိုလည်း အန္တရာယ် လက္ခဏာအဖြစ် သတ်မှတ်နိုင်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်တာကြောင့် ကလေးမှာလည်း သေးငယ်ပြီး၊ ညှက်သွားတာကလည်း ကလေးအတွက် အသက်အန္တရာယ် ဖြစ်ပါတယ်။

ဒါ့အပြင် ကလေးဖျက်ချ၊ ပျက်ကျတာကြောင့်လည်း မိခင်နဲ့ကလေး အများအပြား သေဆုံးနေရပြီး၊ အန္တရာယ်ရှိတဲ့ လက္ခဏာတွေကတော့ သွေးဆင်းများတာ၊ ပိုးဝင်တာကြောင့် အဖျားတက်တာ၊ ဆီးစပ်နာတာ၊ သွေးပုပ်နံ နံစော်တာ၊ ဗိုက်ကိုအထိမခံနိုင်အောင် နာကျဉ်တာတွေ ဖြစ်ပါတယ်။ သားအိမ်ထဲ ပြည်ဝင်လာရင်တော့ ဝမ်းကိုက်သလို ချွဲတွေပါပြီး ခဏခဏ အိမ်သာသွားတာ၊ လေမလည်၊ လေချုပ်လာတာတွေ ဖြစ်လာပါတယ်။ ဒါ့အပြင် သားအိမ်တွင်း ပြည်အလုံးလိုက် ဖြစ်လာရင်၊ ဗိုက်ပေါ်မှာ အလုံးတွေထလာကာ အသက်အန္တရာယ် ပိုကြီးသွားတတ်ပါတယ်။

အထက်ပါ အရေးပေါ် လက္ခဏာများ ပေါ်လာရင် အမြန်ဆုံး ဆေးရုံ၊ ဆေးခန်ပြပြီး၊ အရေးပေါ်ကုသမှုတွေ လိုအပ်ပါတယ်။ အရေးပေါ်လက္ခဏာတွေ မပေါ်လာခင်မှာလည်း ကိုယ်ဝန်စဆောင်ချိန်ကစပြီး ကျွမ်းကျင်တဲ့ ဆရာ၊ ဆရာမတွေနဲ့ ပုံမှန်ပြသ စစ်ဆေးဖို့ အထူးအရေးကြီးပါတယ်။ ဒါ့အပြင် ကိုယ်ဝန်မဆောင်စဉ်ကပင် မလိုချင်တဲ့ ကိုယ်ဝန်အတွက် သားဆက်ခြားနည်းတွေကို အသုံးပြုသင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က သားဖွားမီးယပ်အထူးကု ဒေါက်တာမြသီတာ ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG