သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Autism ရောဂါနဲ့ ကာကွယ်ဆေး ပတ်သက်မှုမရှိ


Autism ရောဂါနဲ့ ကာကွယ်ဆေး ပတ်သက်မှုမရှိ
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


အော်တစ်ဇင် (ခေါ်) စိတ်ခံစားမှုနဲ့ ပေါင်းသင်းဆက်ဆံရေး ပုံမှန်မဖြစ်တဲ့ရောဂါဟာ ဝက်သက် ကာကွယ်ဆေးထိုးးတာနဲ့ ဆက်စပ်နေတယ်လို့ သံသယဖြစ်စေနိုင်တဲ့ သတင်းမှား မြန်မာနိုင်ငံမှာ မကြာခင်က ထွက်လာခဲ့တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။

မြန်မာနိုင်ငံမှာ လူကြည့်များတဲ့ လူမှုစာမျက်နှာထဲမှာ နိုင်ငံခြားရောက် ဆရာဝန်မကြီးတစ်ဦးက ၂၀၁၅ ခုနှစ်တုံးက ထွက်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို တင်ခဲ့ရာက လူအများ သံသယ စဖြစ်စေခဲ့တာပါ။ ဗီဒီယိုဖိုင်ထဲမှာ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးှဗဟို (CDC) အနေနဲ့ အော်တစ်ဇင်နဲ့ ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိပ်ယောင် ကာကွယ်ဆေး (MMR) ဆက်ဆပ်မှု မရှိကြောင်း သုတေသနတွေနဲ့ သက်သေပြရာမှာ အချက်အလက်တချို.ကို ထိန်းချိန်ထားခဲ့တယ်လို့ ဒီသုတေသနမှာ ပါဝင်သူတစ်ဦးက ဆိုထားပါတယ်။ ဒါကြောင့် ဝက်သက်ကာကွယ်ဆေးနဲ့ အော်တစ်ဇင် ဆက်စပ်နေတာကို ထိန်ချိန်ထားသယောင် မြန်မာနိုင်ငံက ကလေးမိဘတွေကြား သံသယပွားစေခဲ့ပါတယ်။ တကယ်တော့ ထိန်ချန်ထားတယ်ဆိုတဲ့ အချက်ဟာ အရေးမပါလို့ မထည့်တာသာဖြစ်ပြီး၊ ဗီဒီယိုပါပြောကြားချက်ဟာ အခြေအမြှစ်မရှိဘူးလို့ အမေရိကန်ရောဂါ ထိန်းချုပ်ရေးဗဟို (CDC) က ချေပထားပြီး ဖြစ်ပါတယ်။

ဒီ ၂၀၁၅ ခုနှစ် ဗီဒီယိုဖိုင်ထွက်လာတာကြောင့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေမှာ အော်တစ်ဇင်နဲ့ ဒီ ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိပ်ယောင် ကာကွယ်ဆေးအကြား ဆက်စပ်မှုနိုင်တယ်လို့ သံသယ အကြီးအကျယ် ထပ်မဖြစ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အရင် ၁၉၉၈ တုံးက Dr. Andrew Wakefield ကနေ အော်တစ်ဇင်နဲ့ ဒီဝက်သက်၊ ဂျိုက်သိုး၊ ပါးချိပ်ယောင် ကာကွယ်ဆေး ဆက်စပ်နိုင်တယ်လို့ မှားယွင်းယူဆတင်ပြခဲ့တာကို အမေရိကန် ရောဂါထိန်းချုပ်ရေးဗဟိုအပါအဝင် အနောက်နိုင်ငံ ဆေးသုတေသီအဖွဲ့ အများအပြားက လူပေါင်း ထောင်၊သောင်းချီကို အဲ့ဒိအချိန်မှာပဲ သုတေသနလုပ်ခဲ့ကာ ချေပထားပြီး၊ နောက်ပိုင်းမှာ အများကလည်း လက်ခံလာခဲ့ကြလို့ပါ။ အခုလို ချေပအပြီးမှာ Dr. Wakefiled ကိုလည်း ဆရာဝန် လိုင်စင်ပြန်သိမ်းခဲ့ပါတယ်။ အခုလို ဆေးပညာရှင် အသိုင်းအဝိုင်းက တရားဝင် ချေပနိုင်ခဲ့သော်လည်း သာမန်လူတချို့မှာတော့ သံသယတွေ ချက်ချင်းပျောက်မသွားတာကြောင့် အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေမှာတောင် ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိပ်ယောင် ကာကွယ်ဆေးထိုးတဲ့နှုန်း လျှော့ကျသွားပြီး၊ ဝက်သက်ရောဂါ ကပ်အသွင် အစုလိုက်အပြုံလိုက် ပြန်ဖြစ်ပွားခံစားခဲ့ရပါတယ်။

ဒါကြောင့် လက်ရှိမြန်မာနိုင်ငံမှာလည်း ဒီ ဗီဒီယိုဖိုင်ကို ကြည့်မိသူတွေအကြား အခြေအမြစ်မရှိတဲ့ ပြောကြားချက်ကို နားယောင်ပြီး မြန်မာနိုင်ငံမှာ ထိုးပေးနေတဲ့ ဝက်သက်၊ဂျိုက်သိုးကာကွယ်ဆေး (MR) ထိုးတဲ့နှုန်း ကျသွားမှာကို မြန်မာဆေးပညာရှင် အသိုင်းအဝိုင်းမှာလဲ စိုးရိမ်မှုတွေ ရှိနေပါတယ်။ လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ ဝက်သက်ကာကွယ်ဆေးထိုးနှုန်းကလည်း လိုအပ်တဲ့ (၉၅%) မရသေးဘဲ၊ ပထမတစ်ကြိမ်တုံးက (၉၀%) နဲ့ ဒုတိယတစ်ကြိမ်မှာ (၈၅%) ဘဲ ရထားသေးတာမို့၊ နောက်ထပ် ထပ်လျော့သွားလျှင် ဝက်သက် ကပ်ရောဂါအသွင် ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ ဒါ့အပြင် နာဂ ဒေသမှာ သွားလာရေးအခက်အခဲကြောင့် ဒီကာကွယ်ဆေးမထိုးနိုင်ခဲ့တာမို့ မကြာခင်က ဝက်သက်ကပ်ရောဂါအသွင်ဖြစ်ခဲ့ပြီး သေဆုံးမှုတွေရှိခဲ့ပါတယ်။ အခုလိုအချိန်မှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဒီနှစ် ၂၀၁ရ ဧပြီလထုတ် ကာကွယ်ဆေးဆိုင်ရာစာတမ်းမှာလည်း ဒီ အော်တစ်ဇင်နဲ့ ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိပ်ယောင်ကာကွယ်ဆေး ဆက်စပ်မှု လုံးဝမရှိကြောင်း အခိုင်အမာ ထပ်ပြောထားပါတယ်။ ဒါကြောင့်မို့ ကလေး မိဘတွေအနေနဲ့ ဒီ အော်တစ်ဇင်နဲ့ ဝက်သက်၊ဂျိုက်သိုးကာကွယ်ဆေး ဆက်စပ်မှုရှိတယ်လို့ သံသယဖြစ်စရာလုံးဝမလိုဘဲ၊ နိုင်ငံတော်က အခမဲ့ထိုးပေးနေတဲ့ ဒီ ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေး အားလုံးအပြည့်အဝ ထိုးပေးထားဖို့ အထူးအရေးကြီးနေပါတယ်။ ဒီကာကွယ်ဆေးကို ကလေး (၉) လမှာ တကြိမ်နဲ့ (၁) နှစ်ခွဲမှာ နောက်တစ်ကြိမ် (၂) ကြိမ်ထိုးဖို့ လိုပါတယ်။ အရင်မထိုးပဲ ကျန်နေခဲ့ရသူတွအတွက်လည်း အစုလိုက်အပြုံလိုက် ဒီကာကွယ်ဆေးထိုးတာကိုလည်း (၃) နှစ်တစ်ကြိမ် လုပ်လာခဲ့ရာမှာ လာမဲ့နှစ် ၂၀၁၈ မှာ ထပ်ထိုးပေးဖို့ရှိနေပါတယ်။

ဒီရောဂါအကြောင်း အသေးစိတ်သိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG