သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခံတွင်းနံ့ နံခြင်း


ခံတွင်းနံ့ နံခြင်း
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံမှာ လူများမှာ ခံတွင်းနံ့ နံတာ အဖြစ်များနေပြီး၊ ဆေးရုံဆေးခန်းလာပြသူလည်း များလာနေတယ်လို့ သွား ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။

အခုလို ခံတွင်းနံ့ နံရခြင်းအကြောင်းရင်းက သွားနဲ့ သွားဖုံးတွေ မကောင်းလို့ပါ။ သွားပိုးစားတာနဲ့ သွားထပ်တာ၊ မညီတာတွေကြောင့် သွားမှာအစာတွေ ကျန်လွယ်ပြီး ဘက်တီးရီးယားပိုးတွေ ဝင်လာတာကြောင့် ခံတွင်းနံ့ ဆိုးနိုင်သလို၊ ဒီကျန်နေတဲ့ အစာတွေကြောင့် သွားမှာကျောက်တည်ပြီး ဒီကျောက်နဲ့ ကပ်နေတဲ့ သွားဖုံးယောင် ဘက်တီးရီးယားပိုး ဝင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် လျှာမသန့်လို့ ဘက်တီးရီးယားပိုး စုလာတာနဲ့ အစာအိမ်ရောဂါတွေကြောင့်လည်း ခံတွင်းနံ့ နံနိုင်ပါတယ်။

ခံတွင်းနံ့ နံတာ မဖြစ်အောင် ကာကွယ်ရေးအတွက် သွားမှာ အစာတွေမကျန်အောင် လူတဦးချင်း သွားသန့်ရှင်းရေးလုပ်တာအပြင် သွားဆေးခန်းတွေကလည်း သွားသန့်ရှင်းရေး လုပ်ပေးနိုင်ပါတယ်။ လူတစ်ဦးချင်းအနေနဲ့ ညအိပ်ရာမဝင်ခင်တစ်ကြိမ်နဲ့ မနက်စာစားပြီး တစ်ကြိမ် အနည်းဆုံး နှစ်ကြိမ် သွားတိုက်တာ၊ သွားပွတ်ကြိုးဆွဲတာတွေ လုပ်ပေးသင့်ပါတယ်။ လိုအပ်လျှင် ပလုပ်ကျင်း ဆေးရည်ကိုလည်း သုံးနိုင်ပါတယ်။ ဒါ့အပြင် လျှာကိုလည်း သန့်ရှင်းပေးသင့်ပါတယ်။

သွားဆေးခန်းတွေမှာလည်း အစာကို ကျန်စေနိုင်တဲ့ သွားပိုးစားပေါက်တွေကို ဖာပေးတာ၊ သွားထပ်တာ မညီတာတွေကို ပြင်ပေးတာအပြင်၊ သွားမှာ အစာကျန်ပြီး ဖြစ်လာတဲ့ ကျောက်တွေကို ခြစ်ထုတ်သန့်ရှင်းပေးခြင်းဖြင့် ခံတွင်းနံ့ မနံံ့အောင် ကာကွယ်၊ ကုသပေးနိုင်ပါတယ်။ ခုလို သွားမှာ ကျောက်တည်လာတာကို (၆) လ တစ်ကြိမ် (သို့မဟုတ်) အနည်းဆုံး တစ်နှစ်တစ်ကြိမ် ဆေးခန်းမှာ ခြစ်ထုတ် သန့်ရှင်းပေးသင့်ပါတယ်။ သွားဖုံးယောင်ယမ်းနေသူတွေအတွက်လည်း သွားသန့်ရှင်းရေးလုပ်ပြီးလျှင် ပလုပ်ကျင်း ဆေးရည်တွေ ဆက်သုံးဖို့ လိုအပ်ပါတယ်။ တချို့သူတွေမှာ ခံတွင်းမသန့်ရှင်းတာကြောင့် မဟုတ်ဘဲ၊ အစာအိမ်ရောဂါကြောင့် ခံတွင်းနံ့ နံနေလျှင် အစာအိမ်ရောဂါကို သီးသန့် ကုပေးဖို့ လိုပါတယ်။

ခံတွင်းဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ သွားဖက်ဆိုင်ရာဆရာဝန်အသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာမြင့်ထိန် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG