သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ ရိုးရာဓလေ့အရ စားသုံးလာတဲ့ ကွမ်းစားခြင်းကြောင့် ခံတွင်းကင်ဆာ ဖြစ်ပွါးမှု ပိုများလာနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေး ပြောဆိုနေကြပါတယ်။

ကွမ်းစားတာကို ရှောင်ကျဉ်ခြင်း၊ မရှောင်နိုင်ပါက ကွမ်းရွက်များများထဲ့ပြီး၊ ကွမ်းသီး၊ ဆေးရွက်ကြီးနဲ့ ရှားစေးတို့ကို တတ်နိုင်သလောက် လျှော့စားခြင်း၊ ပါးစောင်တွင် ငုံမထားခြင်းနဲ့ မျိုမချခြင်းတို့ဖြင့် ပါးစပ်ခံတွင်းနဲ့ အခြားကင်ဆာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ကွမ်းကြောင့် ခံတွင်းကင်ဆာ ချက်ချင်း ဖြစ်နိုင်တာ မဟုတ်သဖြင့်၊ ကင်ဆာအဖြစ် ပြောင်းသွားနိုင်တဲ့ အစပိုင်းမှာ ပါးစပ်အတွင်းမှာ အနာတွေ စဖြစ်လာတာကို ကြိုတင်သတိပြုမိပြီး၊ စောစောစီးစီး ကုသနိုင်ရင်လည်း ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုနားလည်းသိရှိနိုင်ဖို့ ကင်ဆာအထူးကု ဒေါက်တာဦးစိုးအောင် နဲ့ ကိုဝင်းမင်းတို့ ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG