သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးအုပ်စုအမျိုးအစားနဲ့ ဖြစ်နိုင်ခြေ ရောဂါများ


တိုက်ရိုက် လင့်ခ်

အခုနောက်ပိုင်း ဆေးသုတေသန စမ်းသပ်ရှာဖွေတွေ့ရှိချက်တွေအရ သွေးအုပ်စုအမျိုးအစားအလိုက် ရောဂါဖြစ်ဖို့ အန္တရာယ်များတာ၊ နည်းတာတွေကို သိရှိနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ်ပြောဆိုကြပါတယ်။ ဒါပေမဲ့ ဘယ်သွေးအုပ်စုကြောင့် ဘယ်ရောဂါ ဖြစ်တာမဖြစ်တာ မဟုတ်ဘဲ၊ ပိုအဖြစ်များတာ ပိုအဖြစ်နည်းတာကိုသာ ပြောဆိုနိုင်ပါတယ်။

သွေးအုပ်စု အေ (A)၊ ဘီ (B)၊ အေဘီ (AB) နဲ့ အို (O) ဆိုပြီး အဓိက သွေးအမျိုးအစား (၄) မျိုးရှိရာမှာ အေဘီ (AB) သွေးအုပ်စုသမားတွေမှာ ရောဂါအဖြစ်မျာလေ့ရှိပြီး၊ ဘီ (B) သွေးအုပ်စုမှာတော့ အဖြစ်နည်းတာကို ယေဘူယျအားဖြင့် တွေ့ရှိထားပါတယ်။

အေဘီ (AB) နဲ့ အေ (A) သွေးအုပ်စုသမားတွေအနေနဲ့ သွေးအုပ်စု အို (O) နဲ့ ဘီ (B) တွေထက် အစာအိမ်ကင်ဆာဖြစ်ဖို့ ပိုများပါတယ်။ နှလုံးရောဂါအတွက်တော့ အေဘီ နဲ့ ဘီ သွေးအုပ်စုသမားတွေက အိုနဲ့ အေတို့ထက် ပိုအဖြစ်များပါတယ်။

အေဘီ (AB) သွေးအုပ်စုရှင်တွေအနေနဲ့ မှတ်ဉာဏ်ဆိုင်ရာပြဿနာ၊ သွေးအားနည်းရောဂါ၊ လေဖြတ်ရောဂါ၊ အဆုပ်လေပြွန်ယောင်ရောဂါတွေလည်း ပိုဖြစ်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။

အို (O) သွေးအုပ်စုရှင်တွေအနေနဲ့တော့ အစာအိမ်အနာ၊ အစာအိမ်ယောင်ရောဂါနဲ့ အဝလွန်တာတွေ ပိုဖြစ်နိုင်ခြေရှိပေမဲ့၊ နှလုံးရောဂါနဲ့ ပန်ကရိယာကင်ဆာတွေ ဖြစ်ဖို့တော့ နည်းပါတယ်။

အမျိုးသမီးတွေအတွက် ကလေးရနိုင်မှုအနေအထားမှာ အေ (A) သွေးသမားတွေက ကလေးရဖို့ အလားအလာများတတ်ပြီး၊ အို (O) သွေးသမားတွေကတော့ ကလေးရဖို့ အလားအလာနည်းတတ်တယ်လို့ တွေ့ရှိထားပါတယ်။

ဒီသွေးအမျိုးအစားနဲ့ ရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG