သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံးနဲ့၊ အသက်ဆုံးရှုံးမှု အများဆုံးရောဂါဖြစ်နေပြီလို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုနေကြပါတယ်။

ရင်သားကင်ဆာကို သားအိမ်ခေါင်းကင်ဆာလို မကာကွယ်နိုင်ပေမဲ့၊ စောစောသိရှိနိုင်ဖို့ ကိုယ်တိုင်စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေအပြင်၊ ဒီကင်ဆာဖြစ်ဖို့ အလားအလာရှိသူတွေအနေနဲ့ ရင်သားဓာတ်မှန်ရိုက် စစ်ဆေးတာတွေကို လုပ်နိုင်နေပြီဖြစ်တာကြောင့် စောစောကြိုတင်သိနိုင်ပြီး၊ ကုသနိုင်ဖို့ အခွင့်အလမ်းတွေရှိလာပြီးကာ ဒီကင်ဆာရောဂါကြောင့် သေဆုံးမှုမဖြစ်အောင် များစွာကာကွယ်နိုင်ပါပြီ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) နဲ့ ဗဟိုအမျိုးသမီးဆေးရုံ သားဖွားမီးယပ်ပညာဌာန ပါမောက္ခ၊ ဌာနမှုး ဒေါက်တာမြသီတာ ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
XS
SM
MD
LG