သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့အထိ အန္တရာယ်ကြီးတယ်လို့ အရိုးအထူးကုဆရာဝန်တွေက သတိပေးပြောဆိုကြပါတယ်။

လည်ပင်း၊ ကျောနဲ့ ခါးရိုးတွေ ကျိုးတာတွေကို ဖြစ်လာရင် သိဖို့လွယ်ပါတယ်။ လည်ပင်းရိုးနောက်ထဲ၊ ကျောရိုး၊ ခါးရိုးနောက်ထဲ လက်နဲ့ အပေါ်အောက် အနည်းငယ်ဖိစမ်းကြည့်ရင် အလွန်နာကျင်တာ တွေ့ရမှာပါ။ နောက်ကျောရိုးထဲမှာ ရှိနေတဲ့ အာရုံကြောကြီးတွေ သေတဲ့အထိ မဖြစ်ရအောင် လူနာကို ဆေးရုံပို့ဖို့ မ,ရွှေ့ ရာမှာ အထူးဂရုစိုက် လုပ်ပေးဖို့ အရေးကြီးပါတယ်။ လူ (၄) ဦးကနေ ခေါင်း၊ ပခုံးလက်ပြင်ရိုးနေရာ၊ တင်ပါးခွင်ရိုးနေရာတွေနဲ့ ခြေထောက်တွေကနေ တပြိုင်နက် ဖြောင့်တန်းနေအောင် မဖို့ လိုပါတယ်။ အရေးပေါ် ဆေးရုံကားထဲမှာလည်း အဲဒီလို တဖြောင့်ထဲ ဖြစ်နေအောင်ထိန်းပြီး မနိုင်တဲ့ အထောက်အကူပစ္စည်းတွေ ရှိထားသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အရိုးအထူးခွဲစိတ် ဆရာဝန်ကြီးနဲ့ အရိုးရောဂါ၊ ပညာအငြိမ်းစားဌာနမှုး ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG