ဒီနေ့ မြန်မာနိုင်ငံမှာ အဖြစ်များလာတဲ့ ကင်ဆာရောဂါအတွက် ကာကွယ်ကုသနိုင်တဲ့ အတွေ့အကြုံကောင်းတွေ ဝေမျှဖို့ မြန်မာနိုင်ငံဆရာဝန်များအသင်းက မကြာခင်ကပဲ ကင်ဆာကို ကိုယ်တိုင် ရင်ဆိုင်ကုသရှုင်သန်ခဲ့ကြတဲ့ သက်ကြီးဆရာဝန်ကြီးတွေကို ဖိတ်ပြီးဆွေးနွေးခဲ့ပါတယ်။
အသက် (၈၀) ကျော် အထိနေလာနိုင်ကြတဲ့ ဦးဆောင်ဆွေးနွေးသူ အထူးကုဆရာဝန်ကြီးတွေက ကင်ဆာဖြစ်တာကို စောစောသိ၊ စောစောကုသပြီး စိတ်ဓာတ်မကျဘဲ ရင်ဆိုင်သွားနိုင်ရင် ဒီရောဂါကို ကျော်လွှားနိုင်တယ်လို့ သူတို့ အတွေ့အကြုံကောင်းတွေကို ဝေမျှခဲ့ပါတယ်။
အခုလို ကင်ဆာကို ရင်ဆိုင်တိုက်ခိုက်ကျော်လွှားရာမှာ ဆွေးမျိုးမိတ်ဆွေ သူငယ်ချင်းတွေရဲ့ ဝိုင်းဝန်းဖေးမ ကူညီအားပေးမှုနဲ့ ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင် လှုပ်ရှားမှုတွေကလည်း အထောက်အကူပြုခဲ့တယ်လို့ ဦးဆောင်ဆွေးနွေးခဲ့ကြသူတွေထဲက တစ်ဦးဖြစ်တဲ့ အသက် (၈၆) နှစ် အရွယ် ဒေါက်တာဒေါ်သိန်းကြည်က ဆိုပါတယ်။
ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်သိန်းကြည် ကို ကိုဝင်းမင်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။