သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှလုံးဝန်းကျင် ရေဝိုင်းဖိခြင်း အရေးပေါ်ရောဂါ


မြန်မာနိုင်ငံမှာ နှလုံးဝန်းကျင် ရေဝိုင်းလာပြီး မွန်းကြပ်တဲ့ရောဂါ ဖြစ်လေ့ရှိပေမဲ့၊ အချိန်မီ ကုသနိုင်ရင် အသက်ဆုံးရှုံးမှု မရှိနိုင်ဘူးလို့ ကျန်းမာရေးပညာရှင်တွေက ပြောဆိုကြပါတယ်။ ဒီရောဂါဖြစ်ရခြင်း အကြောင်းရင်းတွေကတော့ ပိုးဝင်တာ၊ Autoimmune (ခေါ်) ကိုယ်ခံအား ပုံမှန်မဟုတ်ဘဲ မိမိကိုယ်ကို ပြန်တိုက်တဲ့ ရောဂါရှိထားတာ၊ ကင်ဆာရောဂါ ရှိထားတာနဲ့ ထိခိုက်ဒဏ်ရာရတာတွေကြောင့် တဆင့်ဖြစ်လာတာပါ။

ဒီရောဂါရုတ်ရက် ဖြစ်လာခဲ့ရင် ချက်ချင်း အသက်ရှုအလွန်ကြပ်ပြီး၊ နေရခက်တာ၊ မျက်နှာနီရဲပြီး တင်းလာတာ၊ မျက်နှာပြာလာပြီး တင်းလာတာနဲ့ လည်ပင်းသွေးကြောတွေ တင်းလာတာတွေ ဖြစ်လာလေ့ရှိပါတယ်။ ဒီလက္ခဏာတွေပေါ်လာရင် အမြန်ဆုံး ဆေးရုံပို့ဖို့လိုပါတယ်။

ဆေးရုံမှာတော့ ဒီရောဂါကို အလွယ်တကူ စမ်းသပ်စစ်ဆေးသိရှိနိုင်ပြီး၊ နှလုံးဝန်းကျင်က ရေတွေကို အမြန်ဆုံး ဖောက်ထုတ်ပေးခြင်းဖြင့် လူနာအသက် မဆုံးရှုံးအောင် ကာကွယ်ပေးနိုင်ပါတယ်။

ဒီရောဂါ မဖြစ်အောင် ကာကွယ်ဖို့အတွက်ကတော့ ဖြစ်ရတဲ့အကြောင်းရင်းတွေ အထူးသဖြင့် အဆုပ်ကင်ဆာရောဂါ ရှိထားရင်၊ ပုံမှန် နှလုံးစစ်ဆေးတာတွေ လုပ်ခြင်းဖြင့် မဖြစ်ခင် ကြိုတင်သိရှိပြီး၊ အချိန်မီ ကုသပေးနိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နို်င်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိပ်အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိပ်ကုဌာန အငြိမ်းစား ပါမောက္ခ ဌာနမှူး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG