သုံးရလွယ်ကူစေသည့် Link များ

ကလေး ဖွံ့ဖြိုးမှုအဆင့်တွေကို အသက်အလိုက် နေထိုင်လှုပ်ရှားမှု၊ အမြင်နဲ့ လက်လှုပ်ရှားမှု၊ အကြားနဲ့စကားပြောဆိုမှု၊ လူမှုဆက်ဆံမှုဆိုပြီး ကဏ္ဍ (၄) ပိုင်းနဲ့ တိုင်းတာနိုင်တယ်လို့ ကလေးအထူးကုတွေက ဆိုကြပါတယ်။

ကလေး ဖွံ့ဖြိုးမှုအဆင့် (သို့) ဖွံဖြိုးတိုးတက်မှုဆိုင်ရာ မိုင်တိုင်တွေကို (၁) နှစ်၊ (၁) နှစ်ခွဲ၊ (၂) နှစ်အရွယ်တွေအတွက် ယေဘုယျအားဖြင့် အထက်ဖော်ပြပါ ကဏ္ဍ (၄) ပိုင်းနဲ့ ခွဲခြားသတ်မှတ်ထားပါတယ်။

(၁) နှစ်အရွယ်မှာ နေထိုင်လှုပ်ရှားမှုအတွက် ကုလားထိုင်ကိုင်ပြီး ထရပ်နိုင်တာ (သို့မဟုတ်) ဘာအကူမှ မလိုဘဲ အလွတ်ရပ်နိုင်တာ၊ ခုံတွေကြားကိုင်ပြီး လမ်းလျှောက်တာ၊ အမြင်နဲ့ပတ်သက်ရင် စက္ကူလုံးလေးတွေ ပေးလိုက်ရင် ကောက်ယူနိုင်တာ၊ ပေးတဲ့ပစ္စည်းတွေကို ပစ်ချတာတွေ လုပ်နိုင်ပါတယ်။ အသံကြားတာနဲ ပတ်သက်ရင်တော့ သူ့နာမည်ကို အဝေးက ခေါ်ရင်တောင် လှည့်ကြည့်တာ၊ ပြောတဲ့ စကားလုံးများစွာကို ပြန်မပြောတတ်ပေမယ့် နားလည်တာ။ လူမှု့ဆက်ဆံရေးနဲ့ ပတ်သက်ရင် ခွက်ထဲရေထည့်ပေးရင် ကိုယ်တိုင်ကိုင်သောက်တတ်တာ၊ လိုချင်တာ ညွှန်ပြတတ်တာ၊ လက်ခုပ်တီးတတ်တာ၊ ချိုမိုင်မိုင် ကစားတတ်တာ တွေကို တွေ့ရလေ့ရှိပါတယ်။ (၁) နှစ်ခွဲ၊ (၂) နှစ်အရွယ်မှာရော ဘယ်လိုပြုမှုတွေ ရှိပါလဲ။

ဒီအကြောင်း အသေးစိတ် နားလည်သိရှိနိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာရေး ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG