သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေး ကြီးထွားမှု နဲ့ ဖွံ့ဖြိုးမှု


မြန်မာနိုင်ငံမှာ ခလေးသူငယ်တွေရဲ့ ကိုယ်ခန္ဓာကြီးထွားမှုနဲ့ ဦးနှောက် ဖွံ့ဖြိုးတိုးတက်မှုအတွက် မိဘတွေ စိုးရိမ်ကြီးတာမို့ ဒါတွေကို သိထားဖို့ အရေးကြီးတယ်လို့ ကလေးအထူးကုတွေက သုံးသပ်ပြောဆိုပါတယ်။

ကိုယ်ခန္ဓာကြီးထွားမှုအပိုင်းမှာ ကိုယ်အလေးချိန်တိုးတာ၊ ခေါင်းကြီးထွားလာတာနဲ့ အရပ်ရှည်လာတာတွေ ပါဝင်ပါတယ်။ ဦးနှောက် ဖွံ့ဖြိုးမှုအပိုင်းမှာတော့ နေထိုင်လှုပ်ရှားတာ၊ အမြင်နဲ့တွဲပြီး လှုပ်ရှားတာ၊ အကြားအာရုံနဲ့ စကားပြောတာ၊ ဆက်ဆံရေး လုပ်တတ်တာတွေ ပါဝင်ပါတယ်။ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုဟာ ကလေးသန္ဓေ စတည်အချိန်ကစပြီး၊ အရွယ်ရောက်တဲ့အထိ ပုံမှန်ဖြစ်စဉ်အတိုင်း တဆင့်ပြီးတဆင့် တိုးတက်သွားပေမဲ့၊ အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးမှု နှုန်းထားကတော့ တဦးနဲ့တဦး ကွာခြားလေ့ရှိပါတယ်။

ကလေးကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုအပေါ် ယေဘုယျအားဖြင့် လွှမ်းမိုးသက်ရောက်တာတွေ များစွာရှိရာမှာ မျိုးရိုးဗီဇ၊ လူမျိုး၊ ကျား/မ၊ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမွေးပြီး အာဟာရ၊ မိခင်အရက်နဲ့ ဆေးလိပ်သောက်တာ၊ မိခင်နဲ့ကလေးမှာ ဖြစ်တဲ့ရောဂါတွေ၊ ရေရှည် Steroid ဆေးသောက်ရတာ၊ ရှည်တဲ့အရိုးစွန်းတွေ ထိခိုက်မိတာတွေအပြင်၊ ကလေးစိတ်ခံစားမှုတွေလည်း ပါဝင်နေပါတယ်။

ဒီရောဂါအကြောင်းကို ပိုမိုသိရှိနားလည်နိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာရေး ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG