သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးများနဲ့ မူမမှန်အပြုအကျင့်


မြန်မာနိုင်ငံက ကလေးငယ်တချို့မှာ လက်မစုပ်တာ၊ လက်သဲကိုက်တာ ပုံမှန်ထက်လွန်ကဲပြီး မူမမှန်တဲ့ အပြုအကျင့် အစွဲဝေဒနာအဆင့် ဖြစ်ကြတာကို တွေ့ရတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။ဒီ အမှုအကျင့် ကလေးတွေမှာ ဖြစ်ရခြင်း အဓိကအကြောင်းရင်းကတော့ စိတ်မလုံခြုံတာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကြောင့်ပါ။ ဘယ်လို အခြေအနေတွေမှာ အခုလို စိတ်ခံစားမှုတွေ ဖြစ်တတ်ပါလဲ။

ရောဂါအဆင့်ဖြစ်လာခဲ့ရင် လက်မစုပ်၊ လက်သဲကိုက်တဲ့အပြင် မျက်တောင်ခတ်၊ မျက်စိမှိတ် ပေကလတ် ပေကလတ်လုပ်တာ၊ စကားထစ်ငေါ့တာ၊ ညအိပ်ချိန်မှာ သွားကြိတ်တာ၊ ခန္ဓာကိုယ်တနေရာရာကို အမြဲပွတ်သတ်ထိကိုင်နေတာတွေ လုပ်လာတတ်ပါတယ်။ ကုသမှုအတွက် စိတ်မလုံခြုံမှုနဲ့ စိတ်ဖိစီးမှုတွေရဲ့ အကြောင်းရင်းတွေကိုရှာပြီး ဖြေဖျောက်ပေးဖို့လိုပါတယ်။ ကာကွယ်မှုအတွက်လည်း အဲဒီလို စိတ်ပိုင်းဆိုင်ရာ အားနည်းတဲ့ ကလေးတွေနဲ့ ဂရုစိုက်မှုလိုအပ်တဲ့ ကလေးတွေကို အထူးအလေးပေး ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။

ဒီရောဂါဝေဒနာအကြောင်း အသေးစိတ်ပိုမို သိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစားဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG