သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေး ဆီးလမ်းကြောင်း ပိုးဝင်ခြင်း


မြန်မာနိုင်ငံမှာ ကလေးဆီးလမ်းကြောင်း ပိုးဝင်တာ မကြာခဏ တွေ့ရတတ်ပြီး၊ နောက်ဆက်တွဲ ဆိုးကျိုးရှိတာမို့ အထူးသတိပြု ကုသဖို့ အရေးကြီးကြောင်း ကလေးအထူးကု ဆရာဝန်တွေက ပြောဆိုကြပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တာဟာ ဆီးပေါက်တဲ့နေရာ ဆီးပြွန်ဝကနေ အဓိက မစင်မှာပါတဲ့ ရောဂါပိုး ဆီးလမ်းကြောင်း အပေါ်ကို တက်လာတာကြောင့် အများဆုံးဖြစ်ရတာပါ။ (၁) နှစ်အောက် ကလေးတွေအတွက် ယောကျ်ားလေး၊ မိန်းကလေးမှာပါ ဖြစ်နှုန်းတူပေမယ့် (၁) နှစ်အထက်အတွက်တော့ မိန်းကလေးတွေမှာ ပိုဖြစ်ပါတယ်။ ဘာကြောင့်ပါလဲ။

ရောဂါဖြစ်လာရင်တော့ ဆီးသွားရင် နာကျင်တာ၊ ငိုတာ၊ ဖျားတာ၊ အဖျားကြီးပြီး ချမ်းတုန်တာတွေ ဖြစ်တတ်ပါတယ်။ ကာကွယ်ဖို့အတွက် ဝမ်းမချုပ်အောင် စီမံတာ၊ ကလေးခါးတောင်း ကြိုက်သုံးရင် ဝမ်းသွားပြီးပြီးချင်း အမြန်သန့်စင်ပေးတာ၊ မစင်သွားပြီး သန့်စင်ရာမှာ အရှေ့ကအနောက်ကိုဆွဲပြီး ဆေးပေးတာ၊ မွေးရာပါ ဆီးလမ်းကြောင်း ချို့ယွင်းချက်ရှိရင် ကာကွယ်ဆေးတိုက်တာနဲ့ ခွဲစိပ်ပြီး ပြင်နိုင်ရင်ပြင်ပေးတာတွေ လုပ်ပေးနိုင်ပါတယ်။

ကုသရာမှာ သာမန်ဖျားတာတွေထက် ပိုမို သတိပြုကုသ၊ စစ်ဆေးဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ရောဂါအမြှစ်မပြတ်ရင် ကျောက်ကပ်တွင်း အနာရွတ်ဖြစ်ပြီး၊ ကြီးလာရင် သွေးတိုးရောဂါ ဆက်ဖြစ်စေနိုင်လို့ပါ။ ဘယ်လိုမျိုး ကုသ၊ စစ်ဆေးသင့်ပါလဲ။

ဒီရောဂါအကြောင်း ပိုမိုသိနားလည်နိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက မေးမြန်းဆွေးနွေး တင်ပြထားပါတယ်။

XS
SM
MD
LG