သုံးရလွယ်ကူစေသည့် Link များ

ဗိုင်းရပ်(စ်)ကြောင့် ကလေးဦးနှောက်ယောင်ကာ တက်ခြင်း

  • ကိုဝင်းမင်း

ဒီ ဗိုင်းရပ် (စ်) ပိုးအများစုကို သေစေတဲ့ ပိုးသတ်ဆေး မရှိတာကြောင့် ကာကွယ်ဆေးထိုး ကာကွယ်ကြဖို့ အရေးကြီးပါတယ်။ ဘယ်လို ကာကွယ်ဆေးတွေ ထိုးနိုင်ပါလဲ။

ဗိုင်းရပ်(စ်)ပိုးတွေထဲကမှ ဂျပန်ဦးနှောက်ယောင်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်(စ်)ဟာ ဝက်ထဲမှာနေပြီး ခြင်ကနေတဆင့် ကူးဆက်တာကြောင့် ခြင်ကိုက်မခံရအောင် ရေမြောင်းတွေ သန့်ရှင်းတာ၊ ဆေးစိမ်ခြင်ထောင်သုံးတာနဲ့ ကာကွယ်နိုင်ပါတယ်။ ရောဂါဖြစ်လာခဲ့ရင် စောစောကုသနိုင်ရင် အသက်ဆုံးရှုံးမှု နည်းနိုင်ပါတယ်။ စောစောကုနိုင်အောင် ရောဂါဖြစ်တာကို စောစောသိနိုင်ဖို့ ခက်ခဲပေမယ့် စောင့်ကြည့်သင့်တဲ့ လက္ခဏာတွေကတော့ ဖျားတာ၊ မိနစ် (၃၀) ထက်ကြာအောင် တက်တာ၊ မှိန်းတာ၊ တဖြည်းဖြည်း သတိလစ်သွားတာနဲ့ ဦးနှောက်အာရုံကြောထိတဲ့ လက္ခဏာတွေဖြစ်တဲ့ ဥပမာ ခြေတဖက်၊လက်တဖက် မသန်စွမ်းတာ၊ လမ်းလျှောက်ရင် ယိုင်ထိုးနေတာမျိုးတွေ ဖြစ်ပါတယ်။

ဒီရောဂါ အခြေအနေအကြောင်းကို ပိုမိုသိရှိနားလည်နိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG