သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးများ အရပ်ပုတဲ့ ပြဿနာ


ကလေးတွေ အရပ်ပုတဲ့ ပြဿနာကို မိဘအများစု စိုးရိမ်ပူပန်ကြပြီး မကြာခဏ ဆရာဝန်ပြကြတယ်လို့ ကလေးအထူးကုတွေက ဆိုကြပါတယ်။ ဒီပြဿနာ ဖြစ်ရခြင်း အကြာင်းရင်းများစွာထဲမှာ မိဘမျိုးရိုး ဗီဇကြောင့် ဖြစ်တာကို အများဆုံးတွေ့ရပြီး၊ နာတာရှည် ရောဂါရှိနေတာ၊ ဟော်မုန်းဓာတ်နည်းခြင်းနဲ့ အာဟာရ စားသုံးမှုနဲ့လည်း သက်ဆိုင်ပါတယ်။ ဖြစ်ရတဲ့အကြောင်းစုံကို ခွဲခြားသိနိုင်ဖို့ ကျွမ်းကျင်သူတွေက စနစ်တကျ၊ နည်းမျိုးစုံနဲ့ တိုင်းတာ၊ စမ်းသပ်ပြီးမှသာ ဒီပြဿနာကို သတ်မှတ်ပေးနိုင်ပါတယ်။ အဓိက နည်းတခုကတော့ အသက်အရွယ် အတိုင်းအတာအလိုက် ကလေးအများစုကို လွှမ်းခြုံကြည့်ပြီးမှ အပုဆုံး ၃% (သို့မဟုတ်) ၅% ဘောင်အတွင်း ရှိသူတွေကို သတ်မှတ်ပေးတာပါ။ ဒါ့အပြင် မိဘ အရပ်အနေအထားနဲ့ ကျား၊မ မတူညီမှုတွေကိုလည်း တိုင်းတာစစ်ဆေးရပါတယ်။ အခြားရော ဘာတွေ စစ်ဆေး၊စမ်းသပ်ဖို့ လိုပါလဲ။

ကုသမှုပေးရာမှာတော့ ဖြစ်ရခြင်း အကြောင်းရင်းပေါ်မူတည်ပြီး ကွဲပြားပါတယ်။ နာတာရှည် ရောဂါကြောင့်ဖြစ်ရင် အဲ့ဒီရောဂါကို အချိန်မီ ကုသပေးနိုင်ရင် ပုံမှန်အရပ် ရှိလာနိုင်ပါတယ်။ Thyroid ဟော်မုန်း နည်းရင်တော့ ဟော်မုန်းဆေး အမြန်ဆုံး ထိုးပေးနိုင်ရင် ပုံမှန် ပြန်ဖြစ်သွားပါတယ်။ အပျိုလူပျိုဝင်တာ နောက်ကျရင်တော့ ကုသမှုမလိုဘဲ သူ့ဟာသူ ပြန်ကောင်းနိုင်တာမို့ စောင့်ကြည့်သင့်ပါတယ်။

ဒီရောဂါပြဿနာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဆေးတက္ကသိုလ် (၁) ကလေး ကျန်းမာပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG