သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစိတ်ဝေဒနာ


မြန်မာနိုင်ငံမှာ နေထိုင်စားသောက်ပုံ ပြောင်းလာတာကနေ ကလေးတွေမှာ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ရောဂါတွေများလာနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေကြပါတယ်။

ဒီ ကလေးစိတ်ဝေဒနာဟာ စိတ်ဖိစီးမှုကို ထွက်ပေါက်အဖြစ် ပြတာဖြစ်တာမို့ ဘယ်လိုစိတ်ဖိစီးမှု့ကြောင့် ဖြစ်ရတာကို ရှာဖွေပြီး၊ ကလေးငယ်တွေကို ဂရုတစိုက် ဖေးမကုသပေးဖို့လိုပါတယ်။

အခုလို စိတ်ဝေဒနာ မဖြစ်အောင် ကာကွယ်ရေးအတွက်လည်း၊ ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကို သတိထား ရှောင်ရှားပေးဖို့ လိုပါတယ်။ ဘယ်လို အကြောင်းရင်းတွေကြောင့်ပါလဲ။

ဒီအကြောင်း ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစားဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း နဲ့ ကိုဝင်းမင်း တို့ ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG