သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွေးကင်းစ ကလေးငယ်များ သေဆုံးရခြင်း


ကုလသမဂ္ဂအေဂျင်စီတွေ (UN Agencies) နဲ့ ကမ္ဘာ့ဘဏ်အဖွဲ့ (World Bank) တို့က မွေးကင်းစနဲ့ (၅) နှစ်အောက် ကလေးငယ်တွေ သေဆုံးမှု့ ကျဆင်းလာနေပေမဲ့ နောက်ထပ်လျော့ချနိုင်ဖို့ အရေးကြီးနေသေးတယ်လို့ အစီရင်ခံစာသစ် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အလားတူ ကလေးငယ် သေဆုံးမှု့လျော့ကျလာပေမဲ့၊ နောက်ထပ် ဆက်လုပ်စရာတွေ ရှိနေသေးတယ်လို့ မြန်မာကျန်းမာရေးအရာရှိတွေကလည်း ဆိုပါတယ်၊

ကျန်းမာရေးပညာရှင်တွေကပဲ မြန်မာနိုင်ငံမှာ မွေးကင်းစကလေးငယ်တွေကို အများဆုံးသေဆုံးစေတဲ့ ရောဂါနဲ့ပြဿနာတွေက ကလေးလမစေ့ပဲစောမွေးတာ၊ အသက်ရှုမမှန်တာနဲ့ ရောဂါပိုးဝင်တာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီရောဂါတွေကြောင့် သေဆုံးမှု့ကနေ ကာကွယ်နိုင်ဖို့ စောစောစီးစီး မိခင်များအနေနဲ့ ကိုယ်ဝန်အပ်ဖို့၊ အန္တရာယ်ရှိသူတွေအတွက် ဆေးရုံမှာမွေးဖို့၊ တခြားသူတွေလည်း အသက်ရှုအားကူတာ လုပ်ပေးနိုင်တဲ့ သားဖွားဆရာမတွေနဲ့ မွေးဖို့၊ မွေးဖွားချိန်မှာ သန့်ရှင်းမှု့ရှိဖို့၊ မွေးအပြီးမှာ အသားဝါတာ ဖြစ်မဖြစ် စောင့်ကြည့်ဖို့နဲ့ မွေးကင်းစကာလမှာ မိခင်နို့ရည်ကိုပဲတိုက်ဖို့ အရေးကြီးပါတယ်။

ဒီအကြောင်း VOA သတင်းထောက် Vidushi Sinha သတင်းပို့ထားတာနဲ့ မြန်မာနိုင်ငံ ရန်ကုန်ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း တို့ကို ဆက်သွယ်မေးမြန်းထားချက်များကို ကိုဝင်းမင်း က စုစည်းတင်ပြထားပါတယ်။
XS
SM
MD
LG