သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါး နှစ်အောက် ကလေးငယ် သေဆုံးမှု


ပြန်လည်ထုတ်လွှင့် - မြန်မာနိုင်ငံမှာ မွေးကင်းစလွန် ၅ နှစ်အောက် ကလေးငယ်တွေကို အများဆုံးသေဆုံးစေတဲ့ အဓိကရောဂါတွေက အဆုတ်ရောင်တာအပါအဝင် အသက်ရှုလမ်းကြောင်းမှာ ပိုးဝင်တာ၊ ဝမ်းလျှောဝမ်းပျက်တာ နဲ့ ဦးနှောက်အမြှေးပါးရောင်တာ (သို့) ဦးနှောက်ထဲ ငှက်ဖျားပိုး ဝင်တာတွေကြောင့် ဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုကြပါတယ်။

ဒီရောဂါတွေကြောင့် သေဆုံးမှုကနေ ကာကွယ်နိုင်ဖို့ကတော့ ကာကွယ်ဆေးတွေ ပုံမှန်ထိုးဖို့၊ အဆုတ်ရောင်တာ အပါအဝင် အသက်ရှုလမ်းကြောင်း ပိုးဝင်မှု၊ အန္တရာယ်ရှိတဲ့ လက္ခဏာတွေကို သိရှိပြီး စောစောစီးစီး ဆရာဝန်ပြဖို့၊ ဝမ်းလျှောဝမ်းပျက် မဖြစ်ရအောင် ရေကျိုချက်သောက်သုံးဖို့နဲ့ သန့်ရှင်းမှုရရှိဖို့အပြင်၊ ဖြစ်လာခဲ့ရင်လည်း ရေဓါတ်ဆား ဆုံးရှုံးသွားတဲ့ လက္ခဏာတွေကို ကြိုတင်သိပြီး အချိန်မီ ရေဓါတ်ဆားပြန်ဖြည့်ဖို့၊ ဦးနှောက်အမြှေးပါးရောင်တာနဲ့ ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်တာတွေမှာလည်း ရောဂါလက္ခဏာတွေသိရှိတာနဲ့ ဆေးရုံအမြန်ပြဖို့တွေက အလွန်အရေးကြီးပါတယ်။

ဒီအကြောင်း အသေးစိတ်သိရှိနိုင်ဖို့ ရန်ကုန်ဆေးတက္ကသိုလ်(၁)က ကလေးကျန်းမာဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း အား ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
XS
SM
MD
LG