သုံးရလွယ်ကူစေသည့် Link များ

ကလေးများနဲ့ အာသီးရောင်ရောဂါ


မြန်မာနိုင်ငံနဲ့ ကမ္ဘာတဝှမ်းမှာ အဖြစ်များနေတဲ့ အာသီးရောင်ရောဂါက ကလေးတွေက လူကြီးထက် ပိုဖြစ်ကြပြီး၊ အလေးပေး ကုသခြင်း မလုပ်ရင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုနေကြပါတယ်။

မသန့်တဲ့ ဖုန်မှုန့်တွေနဲ့ အစားအသောက်တွေထဲကတဆင့် အဓိကဖြစ်ရတဲ့ ဒီရောဂါကြောင့် ချောင်းဆိုး၊ လည်ချောင်းနာတာနဲ့ ဖျားတာတွေအပြင်၊ အာခေါင်ကို မီးနဲ့ထိုးကြည့်ရင် အာသီးရောင်ရမ်းနေတဲ့ လက္ခဏာတွေကို တွေ့နိုင်ပါတယ်။

အထူးသဖြင့် ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ ဒီရောဂါအမျိုးအစားကို မကုသမိရင် သွေးဆိပ်တက်ပြီး အခြေအနေဆိုးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် မသန့်ရှင်းတဲ့ဖုန်မှုန့်နဲ့ အစားအသောက်တွေကို ဘယ်လို လျှော့ချ ရှောင်ကျဉ်ဖို့ လိုပါလဲ။ ဘယ်အခြေအနေမှာ အာသီးဖြတ်ထုတ် ကုသဖို့ လိုအပ်ပါသလဲ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ မြန်မာနိုင်ငံ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာရေး ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း နဲ့ ကိုဝင်းမင်းတို့ ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG