သုံးရလွယ်ကူစေသည့် Link များ

ကလေးအဝလွန်ရောဂါဟာ မြန်မာနိုင်ငံ မြို့ ပြက, ကလေးတွေမှာ ပိုအဖြစ်များနေပြီး၊ စိုးရိမ်ရတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။

မြို့ပြလူနေမှုစနစ် ပြောင်းလဲလာတာကြောင့် ကလေးတွေ လှုပ်ရှားကစားမှု နည်းလာခြင်းက ဒီရောဂါဖြစ်စေတဲ့ အဓိက အကြောင်းရင်းတခု ဖြစ်တယ်လို့ ကလေးအထူးကု ဆရာဝန်တွေက ဆိုကြပါတယ်။

ဒီရောဂါကြောင့် ပြင်းထန်တဲ့ နောက်ဆက်တွဲရောဂါ ဖြစ်လာနိုင်တာမို့၊ ကာကွယ်ရေးနဲ့ ကုသရေးမှာ နေပုံ၊ စားပုံ ပြောင်းဖို့က အဓိက အရေးကြီးပါတယ်။ ဘယ်လို နောက်ဆက်တွဲ ရောဂါတွေ ဖြစ်စေနိုင်ပြီး၊ ဘယ်လို နေပုံစားပုံ ပြောင်းဖို့လိုပါသလဲ။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနိုင်ဖို့ ရန်ကုန်၊ဆေးတက္ကသိုလ် (၁) ရဲ့ ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း, ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
XS
SM
MD
LG