သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးများ နဲ့ ဝမ်းချုပ်ရောဂါ


ကလးများ ဝမ်းချုပ်မှု မြန်မာနိုင်ငံမှာ ယနေ့ အဖြစ်များလာပြီး၊ အလေးပေး မကုသရင် နောက်ဆက်တွဲ ဆိုးကျိုးပြဿနာတွေ ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ဝမ်းချုပ် အဖြစ်များရခြင်း အကြောင်းရင်းတွေထဲမှာ နေပုံစားပုံ ပြောင်းလဲလာတာကြောင့် အဓိက ဖြစ်နိုင်တယ်လို့ ကလေးအထူးကု ဆရာဝန်များက သုံးသပ်ပြောဆိုကြပါတယ်။ ဒီအထဲမှာ ရေအသောက်နည်းတာနဲ့ အမျှင်ပါတဲ့ အစာတွေစားတာနည်းတာကို တွေရပါတယ်။

အချိန်မီ ကုသမှုမခံယူခဲ့ရင် ဝမ်းချုပ်တာ သံသရာလည်သွားပြီး၊ ဗိုက်တင်းပြီး နာကျင်မှုတွေ နောက်ဆက်တွဲ ဖြစ်လာနိုင်ပါတယ်။ ဝမ်းချုပ်တာကို ဆုံးဖြတ်ပေးနိုင်တဲ့ လက္ခဏာတွေကတော့ (၃) ရက်တခါ ဝမ်းမသွားတာ၊ ဝမ်းသွားရခက်တာနဲ့ ဝမ်းညှစ်သွားရပြီး စအိုနာတာတွေ ပါပါတယ်။ ကုသမှု့အတွက် ဝမ်းပျော့ဆေး နဲ့ ဝမ်းချူလုပ်ပြီး၊ နောက်ပိုင်း ဆက်ကာကွယ်နိုင်ဖို့အတွက် အမျှင်များတဲ့အစာတွေ ပိုစားသောက်တာ၊ ဝမ်းချုပ်စေမယ့် အစားအစာတွေကို လျှော့စားတာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ အချိန်ပေးပြီး အိမ်သာတက်ဖို့ နဲ့ အိမ်သာအသုံးပြုဖို့ အဆင်ပြေအောင်ထားဖို့တွေ လိုအပ်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ရန်ကုန် ဆေးတက္ကသိုလ် (၁) ရဲ့ ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစားဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း, ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
XS
SM
MD
LG