သုံးရလွယ်ကူစေသည့် Link များ

ကလေးများ ကိုယ်အလေးချိန် မတက်ခြင်း နဲ့ အစားမစားခြင်း အပိုင်း (၁)


ကလေးတွေ ကိုယ်အလေးချိန်ပေါင် ကောင်းကောင်းမတက်တာနဲ့ အစားအသောက် ကောင်းကောင်းမစားတာကြောင့် ဆရာဝန်ပြ ဆေးကုသမှုတွေ နေ့စဉ်ရှိလာနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုကြပါတယ်။ တကယ် ကိုယ်အလေးချိန် ကောင်းကောင်းတက်မတက် သိနိုင်ဖို့ တိုင်းတာစစ်ဆေးပုံ မှန်ကန်ဖို့နဲ့ ကလေးကြီးထွားပုံ သဘာဝကို သိနားလည်ဖို့ လိုပါတယ်။

ကလေးကိုယ်ပေါင်ချိန် တိုင်းရာမှာ အမေနဲ့ကလေးကို တွဲမတိုင်းဘဲ၊ ကလေးတစ်ဦးတည်း သီးသန့် ချိန်ခွက်ထဲ ထည့်တိုင်းတာ ပိုမှန်ကန်ပါတယ်။ နဲနဲကြီးလာတဲ့ ကလေးတွေကိုတော့ အရပ်အမောင်းကိုလည်း တွဲတိုင်းသင့်ပါတယ်။ ကလေးကြီးထွားပုံ သဘာဝကတော့ မွေးစကနေ (၅) လပိုင်းအထိ ကြီးထွားမှုများပြီး၊ (၂) ဆ ခန့်ရှိပေမဲ့၊ နောက်ပိုင်းမှာ ကြီးထွားမှု နည်းနည်းပြန်လျော့သွားကာ၊ လူပျိုအပျိုဝင်လာချိန်အရွယ်မှ ကြီးထွားမှု ပြန်များလာတတ်ပါတယ်။

ကလေးကိုယ်အလေးချိန် မတက်ရတဲ့ အကြောင်းအမျိုးမျိုးရှိရာမှာ မွေးချိန်တည်းက ခန္ဓာကိုယ် ကိုယ်အလေးချိန် မများတာ၊ မျိုးရိုးလိုက်ပြီး သေးငယ်တာ၊ ရောဂါတွေကြောင့်အပြင်၊ စိတ်ပိုင်းဆိုင်ရာအရ ဂရုစိုက်မှု ကောင်းကောင်းမရခဲ့ရင်လည်း အစားအစာ စားတာနည်းပြီး အရွယ်မကြီးထွား ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကလေးသဘာဝအရ ဆော့ကစားပြီး၊ လှုပ်ရှားတာ များလွန်းတာကြောင့်လည်း ကိုယ်အလေးချိန် သိပ်မတက်လေ့ ရှိတာကို မိဘတွေ သိပ်မသိကြဘဲ အစိုးရိမ်လွန်တတ်ကြပါတယ်။

ဒီကိစ္စအကြောင်းအရာနဲ့ ပတ်သက်ပြီး ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း နဲ့ ကိုဝင်းမင်းတို့ ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG