သုံးရလွယ်ကူစေသည့် Link များ

ကလေးအရေပြားရောဂါ


မြန်မာနိုင်ငံက ကလေးငယ်တွေ အများဆုံး ဖြစ်တဲ့ရောဂါတွေထဲမှာ အရေပြားရောဂါလည်း ပါတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ဒီအရေပြားရောဂါတွေကို အများဆုံးဖြစ်စေတဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်လာတဲ့ အနာတွေကို အချိန်မီမကုသနိုင်ရင် ပြင်းထန်တဲ့ အနာရောဂါတွေ ဖြစ်သွားနိုင်ပါတယ်။

ဒီလို နောက်ဆက်တွဲရောဂါ အဆင့်မရောက်အောင် ပဋိဇီဝဆေးတွေနဲ့ အဓိက ကုသပေးနိုင်ပါတယ်။ တခြားဘယ်လို ဆေးတွေကို တွဲသုံးသင့်ပါလဲ။ ကာကွယ်ကုသနိုင်ဖို့အတွက် တကိုယ်ရေ သန့်ရှင်းရေးအပြင် တခြား ဘာတွေလုပ်ပေးသင့်ပါလဲ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာရေး ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
XS
SM
MD
LG