သုံးရလွယ်ကူစေသည့် Link များ

ကလေးများ ကိုယ်အလေးချိန် မတက်ခြင်း နဲ့ အစားမစားခြင်း အပိုင်း (၂)

  • ကိုဝင်းမင်း

ကလေးတွေ အစာကောင်းကောင်း မစားတဲ့ အကြောင်းရင်းမျိုးစုံရှိနေပြီး၊ တကယ်ပြဿနာ ဟုတ်မဟုတ် မိဘတွေ သေချာနားမလည်းတာကို နေ့စဉ်တွေ့ကြုံနေရတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။ ကလေးက လိုအပ်သလောက်စားတာကို မိဘတွေက ပိုကျွေးချင်တာ။ ကလေးကို အများက ဝိုင်းကျွေးထားလို့ ကလေးမဆာတာနဲ့ ကလေးအဆော့မက်ပြီး အစာမစားချင် ဖြစ်တတ်တာကို မိဘတွေ နားလည်ပေးဖို့လိုပါတယ်။ ဒါပေမဲ့ ရောဂါကြောင့် ကလေး အစာကောင်းကောင်း မစားနိုင်ရင်၊ မိဘအနေနဲ့ အာဟာရပြည့်အောင် ကောင်းကောင်း မကျွေးနိုင်ရင်တော့ ပြဿနာ အဖြစ်သတ်မှတ်နိုင်ပါတယ်။

ဒီလို အစားအစာ ကောင်းကောင်းမစားတာနဲ့ ကိုယ်အလေးချိန် ကောင်းကောင်းမတက်တဲ့ ပြဿနာ ရှိလာခဲ့ရင်တော့ အခြေခံအကြောင်းရင်း၊ အထူးသဖြင့် သက်ဆိုင်ရာရောဂါတွေကို ကုသပေးဖို့ လိုအပ်ပါတယ်။ အစားနဲ့ကိုယ်ပေါင်ချိန်ဆိုင်ရာ ပြဿနာတွေကနေ ကာကွယ်ဖို့ကတော့ ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ကိုယ်ဝန်ရှိစဉ်ကတည်းက စောင့်ရှောက်မှုကောင်းဖို့နဲ့ ကလေးမွေးဖွားလာပြီးနောက် မှန်ကန်တဲ့ နို့တိုက်ကျွေးမှု၊ ဖြည့်စွက်စာ ကျွေးမှုတွေရှိဖို့ အရေးကြီးပါတယ်။ ကလေး အစာကျွေးရာမှာ မြန်မာနိုင်ငံမှာ အယူအဆမှားတာ နဲ့ နို့မှုန့်တိုက်ရာမှာ သတိထားစရာတွေရော ရှိပါလား။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း နဲ့ ကိုဝင်းမင်းတို့ ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG