သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ ကလေးငယ်တွေ သန်ကောင်၊ တုတ်ကောင်၊ ကပ်ပါးကောင် စွဲကပ်မှုတွေ အရင်ထက်နည်းပါးသွားပေမယ့် ဖြစ်ပွါးမှုတွေ ဆက်ရှိနေသေးတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောဆိုကြပါတယ်။ သန်ကောင်ကပ်ပါးပိုး အမျိုးမျိုးရှိရာမှာ သန်လုံးကောင် နဲ့ တုတ်ကောင်တွေကို မြန်မာနိုင်ငံမှာ အများဆုံးတွေ့ရပြီး၊ ချိတ်သန်ကောင် နဲ့ သန်ပြားကောင်အမျိုးအစားတွေကတော့ အဖြစ်နည်းပါတယ်။

ဒီရောဂါတွေဖြစ်ရခြင်း အဓိကအကြောင်းရင်းကတော့ တကိုယ်ရေသန့်ရှင်းမှု၊ အစားအစာသန့်ရှင်းမှု မရှိလို့ ဖြစ်ပါတယ်။ သန်ကောင်ပိုးအမျိုးအစား များစွာရှိကြပေမယ့် ဒီနေ့ ဆေးဝါးတွေကတော့ ဒီကပ်ပါးပိုးမွှားတွေအားလုံးကို သေကြေဖျက်ဆီးနိုင်တဲ့ဆေး အမျိုးအစားတွေဖြစ်ပြီး၊ အရင်ထက် ကာကွယ်ကုသဖို့ ပိုလွယ်ကူလာပါတယ်။ အဓိက ကာကွယ်ကုသရေးအတွက်တော့ တကိုယ်ရေ သန့်ရှင်းရေးက အထူးအရေးကြီးပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း နဲ့ ကိုဝင်းမင်း တို့ ဆွေးနွေးတင်ပြထားပါတယ်။

သင့်အမြင်

မှတ်ချက်များပြပါ

XS
SM
MD
LG