သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာလဝမ်းရောဂါ ကြိုတင်ကာကွယ်ခြင်း


ကာလဝမ်းရောဂါ ကြိုတင်ကာကွယ်ခြင်း
please wait

No media source currently available

0:00 0:00:04 0:00
တိုက်ရိုက် လင့်ခ်


ပြည်မြို့ဝန်းကျင်မှာ ကာလဝမ်းရောဂါ (ခေါ်) ကူးစက်မြန် ပြင်းထန်သော ဝမ်းပျက်ဝမ်းလျှောရောဂါ မကြာခင်က ဖြစ်ပွားခဲ့ပြီး၊ သေဆုံးမှုရှိခဲ့တာကြောင့် အခြားဒေသတွေမှာပါ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေကြပါတယ်။

ဘက်တီးရီးယားပိုး ဝင်ပြီးဖြစ်ရတဲ့ ဒီကာလဝမ်းရောဂါ ကူးစက်ရခြင်းက ရေနဲ့အစားအသောက်ကတစ်ဆင့် မစင် ဝမ်းဗိုက်ထဲ ရောက်လာလို့ ဖြစ်ပါတယ်။ အထူးးသဖြင့် မိုးရာသီရေကြီး၊ ရေလျှံစဉ်မှာ အိမ်သာရေတွေ သောက်ရေကန်ထဲဝင်လာတာ၊ ယင်ကောင်တွေကတစ်ဆင့် အစားအသောက်တွေ မစင်ပေလာတာ နဲ့ ကာလဝမ်းရောဂါရှိထားသူရဲ့ အသုံးအဆောင်တွေက တစ်ဆင့်ကူးတာတွေဖြစ်လေ့ရှိပါတယ်။

ဒီရောဂါကူူးစက် မခံရအောင် ကာကွယ်နိုင်ဖို့ အစာကိုကျက်အောင်ချက်ပြီး ယင်မနားစေဘဲ စားသုံးတာ၊ ရေကိုလဲ ကျိုချက်သောက်တာ၊ အိမ်သာတက်အပြီးနဲ့ အစာမစားခင် လက်ကို စင်ကျယ်အောင် ဆပ်ပြာနဲ့ဆေးတာ၊ အထူးသဖြင့် လူနာနဲ့ ထိတွေ့ထားသူတွေအနေနဲ့ လူနာအသုံးအဆောင်တွေကို ပြုတ်လျှော်တာ၊ ပိုးသတ်ဆေးသုံးပြီးလျှော်တာအပြင် အမြဲလက်ဆေးပေးတာတွေ လုပ်ပေးသင့်ပါတယ်။ လူနေသိပ်သည်းတဲ့ ဒေသတွေမှာလဲ ဒိကာကွယ်ရေးတွေကို အထူးပို ဂရုစိုက်လုပ်ပေးသင့်ပါတယ်။ ရေလျှံဒဏ်ခံထားရတဲ့ ရေကန်တွေကိုလဲ ပိုးသတ်ဆေးဖြန်းပေးသင့်ပါတယ်။

ဒီရောဂါဖြစ်လာခဲ့ရင်လဲ စောစောစီးစီး ခွဲခြားသိနိုင်မဲ့ လက္ခဏာတွေကတော့ ဆန်ဆေးရေလို ဝမ်းအရည်ကျဲကျဲ အချိန်တိုတိုအတွင်း ဒလဟောသွားတာ၊ ရေနဲ့ဆားဓာတ် ရုတ်တရက်အလွန်အကျွံကုန်ခမ်းသွားပြီး မျက်တွင်းဟောက်ပက်ဖြစ်လာတာ၊ အရေပြား ပဲကြီးတွန့်လာတာ၊ အရေပြားမှာ ပုံမှန်ရုန်းကန်မှုမရှိတော့ပဲ အရေပြားကိုဆွဲပြီး ပြန်လွှတ်လိုက်ရင် ပြန်တင်းမသွားဘဲ ချုံပြီးကျန်ခဲ့တာတွေဖြစ်ပါတယ်။ အခုလိုဖြစ်လာရင် အမြန်ဆုံးဆေးရုံတင် ကုသဖို့အရေးကြီးပါတယ်။

အချိန်မီ မကုသနိုင်ရင်တော့ ရေနဲ့ဆားဓာတ် အလွန်အကျွံဆုံးရှုံးပြီး အသက်ရှုမြန်လာတာ၊ နှလုံးခုန်မြန်လာတာ၊ သတိလစ်တာတွေဖြစ်ပြီး အချိန်တိုတိုအတွင်း သေဆုံးသွားနိုင်ပါတယ်။ ကုသမှုအနေနဲ့ ရုတ်တရက် အလွန်အကျွံဆုံးရှုံးသွားတဲ့ ရေနဲ့ ဆားဓာတ် အမြန်ပြန်ဖြည့်ပေးတာအပြင် ပဋိဇီဝ ပိုးသတ်ဆေးလဲ တွဲပေးဖို့ လိုပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာမြင့်ဦးကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG