သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးများ နာတာရှည် ကျောက်ကပ်ရောင်ခြင်း


မြန်မာနိုင်ငံက ကလေးတွေမှာ မကြာခဏ ဖြစ်လေ့ရှိပြီး ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ မကုခဲ့ရင် အသက်အန္တရာယ်ရှိနိုင်တဲ့ ဒီကျောက်ကပ်ရောဂါအတွက် ရောဂါဖြစ်တာကို သတိပြုမိနိုင်ဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြကြပါတယ်။

ကလေးငယ်တွေ အထူးသဖြင့် (၁) နှစ် နဲ့ (၅) နှစ်ကြားက ကလေးတွေမှာ တဖြည်းဖြည်း ဖောရောင်လာတာ၊ ဆီးနည်းလာတာတွေ ဖြစ်လာခဲ့ရင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ပြပြီး၊ ဆီးစစ်ကြည့်မှသာ ဒီရောဂါဖြစ်တာကို သိရှိဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

ဒီရောဂါကို စနစ်တကျ မကုသမိရင်တော့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ရောဂါတွေကြောင့် သေဆုံးမှုအထိ ဖြစ်စေနိုင်ပါတယ်။

ဒီအကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၁) ရဲ့ ကလေးကျန်းမာရေး ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း နဲ့ ကိုဝင်းမင်း တို့ ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG