သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ရောဂါ


မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရောဂါ အဖြစ်များကြပြီး ကုသမှု မလုပ်ကြရင် ဆိုးဝါးတဲ့ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ဒီရောဂါဖြစ်ရခြင်း အဓိက အကြောင်းရင်းက မျိုးရိုးလိုက်တာဖြစ်ပြီး (၂၀%) ခန့် ရှိပါတယ်။ ကျန်တဲ့အကြောင်းရင်တွေကတော့ မိခင် နဲ့ ပတ်သက်တာဖြစ်ပြီး၊ ကိုယ်ဝန်ဆောင်စဉ် အာဟာရချို့တဲ့တာ၊ စိတ်ဖိစီးမှုများတာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ သန္ဓေသားအင်္ဂါ ထိခိုက်စေတဲ့ ဆေးများ စားသုံးမိတာ၊ ဓာတ်ရောင်ခြည်သင့်တာ၊ ဓာတ်ရောင်ခြည် ပေးခံရတာ၊ ဗိုင်းရပ်ပိုးကူးစက်ခံရတာ၊ အသက်ကြီးမှ ကိုယ်ဝန်ဆောင်တာတွေ ဖြစ်ပါတယ်။

ဒီရောဂါ မဖြစ်အောင် ကာကွယ်ဖို့အတွက် မျိုးရိုးလိုက်တာကို ကာကွယ်လို့ မရပေမယ့် ကျန်တဲ့ မိခင်နဲ့ပတ်သက်တဲ အကြောင်းရင်းတွေကို ရှောင်ကျဉ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် အာဟာရပြည့်စုံအောင်စားတာ၊ စိတ်ဖိစီးမှု့ ဖြေဖျောက်ပေးတာ၊ ဆေးလိပ်အရက် ရှောင်တာအပြင် မလိုအပ်တဲ့ ဆေးဝါးတွေ မသုံးမိအောင်လဲ ကလေးဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဆေးသောက်သင့်ပါတယ်။

ရောဂါဖြစ်လာခဲ့ရင် ကုသမှု မယူပါက ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဖြစ်နိုင်တာတွေကတော့ ကလေး မိခင်နို့ ကောင်းကောင်းမစို့နိုင်တာ၊ နှာခေါင်းသံပါတာ၊ ကလေးရောမိဘပါ စိတ်ခံစားမှု ပြဿနာတက်လာတာ၊ ကလေး နားရောဂါဖြစ်တာ၊ သွားတွေထပ်ပြီး မညီညာတာတွေ ဖြစ်တာနဲ့ မွေးရာပါ နှလုံးရောဂါတာတွေပါ။

ဒီရောဂါကနေ ပြန်ကောင်းအောင်အတွက် သင့်တော်တဲ့အချိန်မှာ အဆင့်ဆင့် ခွဲစိပ်ကုသနိုင်ပါတယ်။ ဘယ်လို အချိန်နဲ့ အဆင့်တွေပါလဲ။ ဘယ်နေရာတွေမှာ ခွဲစိပ်ကုသမှု ခံယူနိုင်ပါလဲ။ ခွဲစိတ်မှုအပြီးမှာရော ဘာတွေလုပ်ပေးဖို့လိုပါလဲ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်ဖို့ ကိုဝင်းမင်း က သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်)၊ မေးရိုးနှင့်ခံတွင်း ခွဲစိပ်ကု ပညာရေးဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာဝင်းနိုင် ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG