သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှလုံးသွေးကြောကျဉ်းရောဂါ


မြန်မာနိုင်ငံမှာ နှလုံးအရေးပေါ် အဖြစ်အများဆုံးမှာ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် အများဆုံးဖြစ်ပြီး၊ အသက်အန္တရာယ် ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ်ပြောဆိုကြပါတယ်။

နှလုံးသွေးကြောကျဉ်းတာကြောင့် နှလုံးအရေးပေါ်ဖြစ်ရင် အမြန်ဆေးရုံတင်ဖို့ အရေးကြီးပြီး အချိန်မီ အရေးပေါ် လူနာတင်ကားခေါ်တာ၊ သွေးကြောချဲ့ဆေး ငုံဆေးပေးတာ၊ သွေးကြဲဆေးပေးတာတွေ လုပ်သင့်ပါတယ်။ ကျေးလက်ဒေသတွေမှာလဲ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သူတွေကို နှလုံးအရေးပေါ်ပြုစုနည်း သင်တန်းပေးထားသင့်ပါတယ်။

အခုလို နှလုံးအရေးပေါ် မဖြစ်ခင် ပြလေ့ရှိတဲ့ လက္ခဏာတွေမှာ ရင်ဘတ်တင်းကြပ်လာတာ၊ ဘယ်ဖက်ရင်အုံ (သို့မဟုတ်) ရင်ဘတ်တည့်တည့်မှာ အောင့်ပြီးတင်းကြပ်လာတာ၊ တင်းကြပ်ရာမှာ လည်ပင်းကို ညှစ်ထားသလို ခံစားလာရတာ၊ အောင့်တာကလည်း ရင်ဘတ်ကနေ လက်မောင်းကိုပါပျံ့သွားတာ၊ တချို့လူတွေမှတော့ လမ်းလျှောက်အပြီး၊ ပင်ပန်းတာတခုခုလုပ်အပြီး၊ အဝတ်လျှော်အပြီးမှာ ရင်ဘတ်ထဲ တင်းကြပ်လာတယ်လို့ ထုတ်ပြောတာတွေဖြစ်ပါတယ်။

ဒီနှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေများတာကြောင့် ကြိုသတိထားသင့်သူတွေကတော့ အဝလွန်သူ၊ ဆီးချို၊ သွေးတိုးရှိသူနဲ့ သွေးထဲအဆီများသူတွေဖြစ်ပါတယ်။ ဒီလူတွေအနေနဲ့ သွေးကြောကျဉ်းရောဂါ ဖြစ်လာမလာ ကြိုတင်ဆေးစစ်သင့်ပါတယ်။

သွေးကြောကျဉ်းရောဂါ မဖြစ်အောင်ကာကွယ်ဖို့အတွက် အားကစားလုပ်တာ (ဥပမာ - ပြေးတာ၊ လမ်းလျှောက်တာ) အဆီနဲ့ အချို လျော့စားတာတွေ လုပ်သင့်ပါတယ်။ ဒါ့အပြင် သွေးတိုးရှိသူတွေ သွေးတိုးချဆေးသုံး ကုသသင့်ပြီး၊ အဆီများသူတွေမှာလည်း သွေးထဲအဆီပမာဏ ပုံမှန်ထက်မကျော်အောင် အဆီကျဆေးသောက်သင့်ပါတယ်။ ဆီးချိုရှိသူတွေလဲ ဆီးချိုကို ထိန်းသိမ်းကုသထားသင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိပ် အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါခွဲစိပ်မှုဌာန အငြိမ်းစား ပါမောက္ခ ဌာနမှုး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG