သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးလွန်တုတ်ကွေး အန္တရာယ်


အခုလို မိုးရာသီကာလမှာ ပိုဖြစ်လေ့ရှိတဲ့ သွေးလွန်တုတ်ကွေးရောဂါ မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ပိုဖြစ်နိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုနေကြပါတယ်။ သွေးလွန်တုတ်ကွေးရောဂါကြောင့် အသက်ဆုံးရှုံးရမှု လျော့ကျနိုင်အောင် ကြိုတင်သိရှိ၊ ကြိုတင်ကုသမှုခံယူသင့်ပြီး၊ ဆေးရုံတင်သင့်တဲ့ လူနာတွေကိုလည်း ဆေးရုံ ကြိုပို့ထားသင့်ပါတယ်။

စောစောကြိုတင်သိနိုင်ဖို့ သွေးလွန်တုတ်ကွေးဖြစ်နိုင်ခြေ လက္ခဏာတွေဖြစ်တဲ့ အဖျားကြီးတာ၊ ကိုယ်လက်အလွန်ကိုက်ခဲတာ၊ ပျို့အန်တာ၊ ကိုယ်မှာ အဖုအပိန့်တွေ ထွက်တာတွေရှိလာရင် အမြန်ဆုံး ဆေးရုံဆေးခန်းပြပြီး၊ စစ်ဆေးပြီး၊ ရောဂါရှိနေရင် ဆေးရုံတင်ထားဖို့လိုပါတယ်။

ဒါ့အပြင် တချို့ကလေးလူကြီးတွေအနေနဲ့ သွေးလွန်တဲ့အဆင့်ကို ရုတ်တရက်ရောက်ကာ အသက်ဆုံးရှုံးနိုင်တာကြောင့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေဖြစ်တဲ့ ဝမ်းဗိုက်အလွန်နာတာ၊ ဆက်တိုက်မရပ်မနား အန်တာ၊ ကော်ဖီရောင် အန်လာတာ၊ နှာခေါင်းသွေးယိုတာ၊ အဖျားကျချိန်မှာ မလန်းဆန်းဘဲ အရမ်းမှိန်းနေတာ၊ ခြေလက်အေးလာတာ၊ ဂယောင်ကတမ်း ဖြစ်လာတာတွေ ရှိခဲ့ရင် အမြန်ဆုံး ဆေးရုံတန်းတင်သင့်ပါတယ်။ ဘာကြောင့်ပါလဲ။ အခြားရော ဘယ်လို လူနာလူမျိုးတွေကို ဆေးရုံပို့ဆောင်သင့်ပါလဲ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ ပညာဌာန အငြိမ်းစားဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း နဲ့ ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG