သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးလွန်တုတ်ကွေး သတိပေးချက်


မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း သွေးလွန်တုတ်ကွေးရောဂါဖြစ်ကြတာ မနှစ်ကထက် နည်းနေသေးပေမယ့်၊ ပြင်းထန်တဲ့အဆင့်ဖြစ်ကြတာကို စတင်တွေ့ရှိနေရတယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုနေကြပါတယ်။

ဒီလိုပြင်းထန်တဲ့ အဆင့်၊ အခြေအနေ မရောက်ရှိအောင် ကာကွယ်နိုင်ဖို့ ဒီရောဂါရဲ့ အဓိက လက္ခဏာတွေဖြစ်တဲ့ အဖျားကြီးတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ဗိုက်နာတာတွေကို သတိပြုမိဖို့ လိုပါတယ်။ ဒါ့အပြင် သွေးလန့်တဲ့အဆင့် ရောက်ကာနီး လက္ခဏာတွေဖြစ်တဲ့ အဖျားကျသွားချိန်မှာ လန်းဆန်းမသွားဘဲ ဆက်ပြီးထုံထိုင်းနေတာ၊ ခြေလက်အေးတာတွေကို အထူး စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG