သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးချိုကြောင့် မျက်စိထိခိုက်ခြင်း


ကမ္ဘာနဲ့ မြန်မာနိုင်ငံတို့မှာ ဆီးချိုရောဂါ ဖြစ်လာမှု ပိုများလာနေချိန်မှာ ဆီးချိုကြောင့် နောက်ဆက်တွဲအဖြစ် မျက်စိကွယ်တာတွေ ပိုများလာနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုနေကြပါတယ်။

ဆီးချိုကြောင့် မျက်စိထိခိုက်တာတွေ မဖြစ်နိုင်အောင် သွေးထဲမှာ သကြားဓာတ် မများအောင် ထိန်းထားဖို့ အဓိက အရေးကြီးပါတယ်။ ဘယ်လောက်အထိ ထိန်းထားဖို့လိုပါလဲ။ ဘယ်လို ဆီးချိုရှိတဲ့ လူတွေမှာ မျက်စိထိခိုက်တာ အဖြစ်များစေနဲ့ အမြင်လွှာဆိုင်ရာရောဂါ ပိုဖြစ်ဖို့ အန္တရာယ်ရှိတာမို့ ပိုသတိထားပြီး ဆီးချိုကို ထိန်းဖို့လိုပါတယ်။ ဒီအမြင်လွှာမှာ ဖြစ်တဲ့ရောဂါ ဖြစ်လာတာကို ဘယ်လို သိရှိနိုင်ပါလဲ။ ဆီးချိုကြောင့် မျက်စိကွယ်စေနိုင်တဲ့ ဒီအမြင်လွှာရောဂါ ဖြစ်လာခဲ့လျှင်လည်း မျက်စိကွယ်တဲ့ အဆင့်ထိ မရောက်အောင် ကုသနိုင်ပါတယ်။ ဘယ်လို ကုသမှုတွေ ခံယူဖို့ လိုအပ်ပါလဲ။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ မျက်စိအထူးကု ဒေါက်တာဒေါ်ခင်သန္တာမြင့် နဲ့ ကိုဝင်းမင်း တို့ ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG