သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ နာတာရှည်ရောဂါများထဲမှာ တခုဖြစ်တဲ့ ဆီးချို သွေးချိုရောဂါ ဖြစ်နှုန်း မြန်မာနိုင်ငံမှာ ကြောက်ခမန်းလိလိ များလာနေပါတယ်၊ သေဆုံးမှုများစေတဲ့ နောက်ဆက်တွဲ ရောဂါတွေကိုလည်း ဆက်ဖြစ်စေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။
ဒီရောဂါကနေကာကွယ်ဖို့ ရောဂါဖြစ်ဖို့ အန္တရာယ်များသူတွေအနေနဲ့ အထူးပိုဂရုစိုက်ဖို့ လိုပါတယ်။ ဘယ်လို လူတွေမှာ အန္တရာယ် ပိုရှိနေပါသလဲ။
ဆီးချိုရောဂါကို အဓိက ကာကွယ်နိုင်ဖို့ အစားအစာနဲ့ပတ်သက်ပြီး ယေဘုယျအားဖြင့် ဘာတွေရှောင်သင့်ပါသလဲ။ ဒီရောဂါဆိုင်ရာ အသေးစိတ်သိရှိ နားလည်းဖို့ ရန်ကုန်ဆေးတက္ကသိုလ် (၂) ပါမောက္ခချုပ် နဲ့ ဆီးချိုအထူးကု ဒေါက်တာတင့်ဆွေလတ် ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG